ယာယီသမ္မတက ကိုယ်ကျိုးအတွက် အလှူခံနေသည်ဟုပုံဖျက်ကာ သတင်းမှားဖြန့်နေ

ယာယီသမ္မတက ကိုယ်ကျိုးအတွက် အလှူခံနေသည်ဟုပုံဖျက်ကာ သတင်းမှားဖြန့်နေ

မဇ္ဈိမ။    ။အမျိုးသာညီညွတ်ရေးအစိုးရ(NUG)၏ ယာယီသမ္မတ ဒူဝါလရှီးလမှ ကိုယ်ကျိုးအတွက် ပြည်သူ များကို အလှူငွေထည့်ဝင်ကြရန် တိုက်တွန်းနေကြောင်း စစ်ကောင်စီထောက်ခံသူများမှ ဖြန့်ဝေနေသည်။ ယင်းမှာ မှားယွင်းနေသည်။ 

စစ်ကောင်စီထောက်ခံသူများ၏ တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်သည့် ရွှေဘအမည်ရှိချန်နယ်တွင် နိုဝင် ဘာလ ၂၈ ရက်နေ့ရက်စွဲဖြင့် အမျိူးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မ၏မိန့်ခွန်းဟုဆိုကာ “ပြည်သူတွေကို မငြီးငွေ့ကြပါနဲ့တဲ့ အလှူငွေတွေဆက်လှူကြပါတဲ့.... သူတို့ဘဝတွေ ပြည်ပမှာ နေ နေရ တာဆိုတော့ ပြည်သူတွေလှူတဲ့အလှူငွေတွေနဲ့မှ ဆက်လက်ရပ်တည်နိုင်မှာပါတဲ့” ဟု ရေးသားဖော်ပြ ထားသည်။ 

အဆိုပါအကြောင်းအရာကို သတင်းစောင့်ဖတ်ရန်စာရင်းပေးသွင်းသူ ၁၀,၀၀၀ နှင့်အထက်ရှိသည့် DGF21 News ၊ ၅,၀၀၀ အထက်ရှိသည့် Min Din ၊ ၁၃,၀၀၀ ကျော်သည့် Shwe Ba စသည့် တယ်လီဂရမ်ချန်နယ် များမှဖြန့်ဝေခဲ့သည်။ ကြည့်ရှုသူအနေဖြင့် စုစုပေါင်း ၆,၀၀၀ နီးပါး ရှိနေပြီဖြစ်သည်။ 

ထိုအကြောင်းကို မဇ္ဈိမမှအချက်အလက်စစ်ဆေးခဲ့ရာ RFA မြန်မာပိုင်းတွင် နိုဝင်ဘာ ၂၈ ရက်နေ့က “စစ်ကောင်စီကိုဖယ်ရှားပြီး နိုင်ငံတော်သစ်တည်ဆောက်မယ်လို့ NUG သမ္မတ ဒူဝါလရှီးလပြောကြား” ဟု သတင်းဖော်ပြထားပြီး ယာယီသမ္မတနှင့် တွေ့ဆုံမေးမြန်းထားသည်။ အဆိုပါ တွေဆုံမေးမြန်းမှုတွင် ယာယီသမ္မတက ပြည်သူများကို တော်လှန်ရေးအတွက် အလှူငွေထည့်ဝင်ကြရန် တိုက်တွန်းထားသည်။ သို့သော် သတင်းတုတွင်ဖော်ပြသကဲ့သို့ ကိုယ်ကျိုးအတွက် တိုက်တွန်းခြင်းမပါဝင်ပေ။ လင့် - t.ly/1F5O 

ထို့ပြင် ယာယီသမ္မတ ဒူးဝါလရှီးလ၏ ဖေ့ဘုတ်စာမျက်နှာတွင်ဖော်ပြသည့်မိန့်ခွန်းတွင်လည်း ထိုသို့ အဓိပ္ပါယ်သက်ရောက်စေသည့် ဖော်ပြချက်မျိုးမရှိပေ။ 

အခြားယုံကြည်စိတ်ချရသည့် မီဒီယာများမှလည်း ထိုကဲ့သို့ ယာယီသမ္မတမှပြောဆိုခြင်းကို သတင်းတင် ဆက်ထားခြင်းမရှိပေ။ 

ထို့အတူ သတင်းတုတွင်ပါဝင်သကဲ့သို့ ယာယီသမ္မတသည် ပြည်ပသို့ရောက်ရှိနေခြင်းမရှိဘဲ ပြည်တွင်းမှ တော်လှန်ရေးနယ်မြေတွင်ရှိနေကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်နှင့် RFA ၏ အင်တာဗျူးအရ သိရသည်။ လင့် - https://bit.ly/3B5iFTp

ထို့ကြောင့် ကိုယ်ကျိုးအတွက် ယာယီသမ္မတမှ အလှူခံနေခြင်းမှာမဟုတ်ဘဲ တော်လှန်ရေးအတွက် ပြည်သူများမငြီးငွေ့ဘဲ အလှူငွေများ ဆက်လက်လှူဒါန်းကြရန်တိုက်တွန်းခြင်းကို လိုသလို ပုံဖျက်ကာ ဖော်ပြထားသည့် သတင်းမှားသာ ဖြစ်သည်။ 

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့်သို့ - https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

#Misinformation_Buster
#Fake_News 
#ဒူးဝါလရှီးလ
#မိန့်ခွန်းအတု
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required