အပြည်ပြည်ဆိုင်ရာ ကျွန်ပြုခြင်းတိုက်ဖျက်ရေးနေ့(International Day for the Abolition of Slavery)

အပြည်ပြည်ဆိုင်ရာ ကျွန်ပြုခြင်းတိုက်ဖျက်ရေးနေ့(International Day for the Abolition of Slavery)

လူတွေကို ရောင်းကုန်ပစ္စည်းတစ်ခုလို သဘောထားတာ၊ လူအချင်းချင်း ကျွန်ပြုစေခိုင်းတာတွေဟာ ရှေးဘဝေသဏီကတည်းက ရှိလာခဲ့တဲ့ ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကြီးတစ်ခုဖြစ်ပြီး ဒါကိုတိုက်ဖျက်ဖို့၊ ပြည်သူလူထုရဲ့ အသိပညာကို မြှင့်တင်ဖို့နဲ့ တစ်ချို့နေရာတွေမှာ ကျွန်ပြုခြင်းဟာ ခုထိ ပုံစံအမျိုးမျိုးနဲ့ရှိနေသေးတယ်ဆိုတာကို မေ့လျော့မနေကြဖို့ ရည်ရွယ်ပြီး နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလ ၂ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ကျွန်ပြုခြင်း တိုက်ဖျက်ရေးနေ့ အဖြစ် သတ်မှတ်ကျင်းပ ပြုလုပ်လေ့ ရှိပါတယ်။
မြန်မာနိုင်ငံမှာတော့ ကျွန်ပြုခြင်းဟာ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးချိန်ကစပြီး အဓမ္မလုပ်အားစေခိုင်းမှုဆိုတဲ့ ပုံစံတစ်မျိုးနဲ့ ခေါင်းထောင်လာပြန်ပါတယ်။ အကြမ်းဖက် စစ်ကောင်စီက သာမန်ပြည်သူတွေကို ဖမ်းဆီးပြီးတော့ လူသားဒိုင်းအဖြစ်အသုံးပြုတာ၊ မိုင်းရှင်းတဲ့နေရာတွေမှာ အသုံးချတာ၊ သူတို့တပ်ရင်းတွေမှာ စေခိုင်းတာ စတာတွေကလည်း ကျွန်ပြုခြင်းပုံစံတွေထဲမှာ အပါအဝင် ဖြစ်ပါတယ်။ 
အဲ့ဒီလို စနစ်ဆိုးကြီးကို တိုက်ဖျက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြည်သူတွေကို ဒီနေ့ ဒီဇင်ဘာလ ၂ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည် ဆိုင်ရာ ကျွန်ပြုခြင်းတိုက်ဖျက်ရေးနေ့မှာ အောက်ပါဗီဒီယိုသတင်းစကားလေးပါးထား တာကြောင့် ပြည်သူတွေ ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required