ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း၏ ပါတီက ပြည်ပမှ ရန်ပုံငွေထောက်ပံ့မှုကို လက်ခံရရှိခဲ့သည့် အထောက်အထားများ ထပ်မံထွက်ပေါ်

By The Print
30 November 2022
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း၏ ပါတီက ပြည်ပမှ ရန်ပုံငွေထောက်ပံ့မှုကို လက်ခံရရှိခဲ့သည့် အထောက်အထားများ ထပ်မံထွက်ပေါ်

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်း၏ တေရက်-အီ-အင်ဆက်ဖ် (PTI) ပါတီသည် ၂၀၀၈ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ နိုင်ငံခြားအဖွဲ့အစည်းများထံမှ ငွေကြေးထောက်ပံ့မှုကို လက်ခံရရှိထားခဲ့ကြောင်းနှင့် နိုင်ငံ၏ ဥပဒေများက တားမြစ်ပိတ်ပင်ထားသော နည်းလမ်းများဖြင့် လက်ခံရယူခဲ့ခြင်း ဖြစ်ကြောင်း ပါကစ္စတန် ရွေးကောက်ပွဲ ကော်မရှင် (ECP) က ထုတ်ဖော်ထားပြီးဖြစ်သည်။

ထို့ပြင် အီမရန် ခန်း၏ ပါတီသည် ၂၀၁၃ ခုနှစ်နောက်ပိုင်းတွင်လည်း ထိုကဲ့သို့သော ရန်ပုံငွေများကို ဆက်လက် ရယူခဲ့ကြောင်း ယခု အသစ်ပေါ်ထွက်လာသည့် မှတ်တမ်းအသစ်များတွင် ဖော်ပြသည်ဟု The News International မီဒီယာက ဖော်ပြသည်။

ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် ပါတီသည် ၂၀၁၄ ခုနှစ် အောက်တိုဘာလမှ ၂၀၁၅ မတ်လအထိ ပြည်ပတွင် မှတ်ပုံတင်ထားသည့် အဖွဲ့အစည်းများနှင့် အမေရိကန်ရှိ လူပုဂ္ဂိုလ်များထံမှ ဒေါ်လာ ၄၀၁၉၅၆ ကို လက်ခံရယူထားခဲ့သည်ဟု ဆိုသည်။

ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် ပါတီ၏ ခေါင်းဆောင်များဖြစ်ကြသည့် အလီ ဇာအီဒီနှင့် အီမရန် အစ္စမေးလ်တို့သည် အဆိုပါ ကာလအတွင်း အမေရိကန်သို့ သွားရောက်ခဲ့ပြီး ရန်ပုံငွေ ရှာဖွေပွဲများကို စီစဉ်ခဲ့ကြောင်း စာရွက်စာတမ်းများတွင် ဖော်ပြသည်။

ရန်ပုံငွေ ရှာဖွေပွဲများမှ ရလာသည့် ဒေါ်လာ ၃၀၅၀၀၀ ခန့်ကို PTI ပါတီ၏ ဘဏ်အကောင့်များထံ လွှဲပြောင်းခဲ့သည်ဟု ဆိုသည်။

သို့သော် PTI ပါတီ၏ အကောင့်များက ယင်းကဲ့သို့ ပြည်ပအဖွဲ့အစည်းများမှ ငွေကြေးများကို အမှန် တကယ် လက်ခံထားခဲ့ခြင်း ရှိ၊ မရှိကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း The News International မီဒီယာက ဖော်ပြသည်။ ထို့ပြင် ပါတီ၏ ပြည်ပရေးရာ ကိစ္စများကို ကိုင်တွယ် ရသည့် PTI ပါတီ၏ နိုင်ငံတကာရေးရာဌာန၏ အတွင်းရေးမှူး အဗ္ဗဒူလာ ရီယာက အထက်ပါ ငွေလွှဲ မှုများနှင့်ပတ်သက်ပြီး မသိရှိကြောင်း အဆိုပါ မီဒီယာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required