မီတာခွန် အဓမ္မဆောင်ခိုင်းပြီး လျှပ်စစ်မီးမှန်မှန် မပေးတာ ပြည်သူတွေအပေါ် စစ်ကောင်စီက စိတ်ဓာတ်စစ်ဆင်ရေး လုပ်နေတာလား (ဆောင်းပါး)

မီတာခွန် အဓမ္မဆောင်ခိုင်းပြီး လျှပ်စစ်မီးမှန်မှန် မပေးတာ ပြည်သူတွေအပေါ် စစ်ကောင်စီက စိတ်ဓာတ်စစ်ဆင်ရေး လုပ်နေတာလား (ဆောင်းပါး)

လက်ရှိအချိန်မှာ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ပြည့်မီအောင် မပေးနိုင်သေးသလို၊ အချိန်ပိုင်းနဲ့ပဲ ပေးနိုင်မယ်လို့ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ဆိုပါတယ်။ဒါ့အပြင် လာမယ့်နွေရာသီမှာလည်း လျှပ်စစ်ဓာတ်အား ပြည့်မီအောင် မပေးနိုင်သေးတဲ့အတွက် အချိန်ပိုင်း ပေးမယ့်အစီအစဉ်တွေ တိုင်းနဲ့ပြည်နယ် အားလုံးအတွက် ချမှတ်ထားတယ်လို့ သူကဆိုပါတယ်။နိုဝင်ဘာ ၂၇ ရက်နေ့က ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းရုံးမှာ ပြုလုပ်တဲ့ ရန်ကုန်တိုင်း ဒေသကြီးအတွင်း နွေရာသီကာလ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ဆောင်ရွက်သွားမယ့် အစည်းအဝေးမှာ စစ်ကောင်စီခန့် လျှပ်စစ်ဝန်ကြီးက ပြောခဲ့တာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required