တောင်ဥက္ကလာပမြို့နယ်ရှိ စစ်ကောင်စီကင်းတဲအား လက်ပစ်ဗုံးဖြင့်တိုက်ခိုက်

တောင်ဥက္ကလာပမြို့နယ်ရှိ စစ်ကောင်စီကင်းတဲအား လက်ပစ်ဗုံးဖြင့်တိုက်ခိုက်

မဇ္ဈိမ။ ။ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်းနှင့် ဂန္ဓမာလမ်းထောင့်ရှိ စစ်ကောင်စီတပ် ကင်းတဲအား ဒီဇင်ဘာလ ၁ရက်နေ့ နေ့လယ် ၁နာရီ ၃၇မိနစ်အချိန့်တွင် ကာကွယ်ရေးတပ်ဖွဲ့က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်လိုက်သည်ဟု သိရသည်။

"တစ်ကင်းမှာ နှစ်ကောင်( စစ်‌သားနှစ်ဦး) ရှိတယ်။ ကျနော်တို့ လက်ပစ်ဗုံးပစ်ခဲ့တဲ့ကင်းက လေးကောင်(စစ်သားလေးဦး) ရှိတယ်။ ပထမက ပြည်သူတွေရှိနေလို့ မပစ်ခဲ့ရဘူး။ အထိအခိုက်တော့ မသိရဘူး"ဟု Generation Y Guerrilla -GYG အဖွဲ့တာဝန်ရှိသူက ပြောသည်။

ထိုသို့ လက်ပစ်ဗုံးဖြင့် ပစ်ခတ်ရာတွင် စစ်ကောင်စီတပ်ဖွဲ့၏ ထိခိုက်မှု အခြေအနေကို မသိရှိရသေးပေ။

အောက်တိုဘာလ၂၁ရက်နေ့ကလည်း ရန်ကုန်တိုင်း၊လှိုင်မြို့နယ်၊သီရိမင်္ဂလာစျေးသစ်ရှေ့ရှိ KBZ Bank အား ကာကွယ်ရေးတပ်ဖွဲ့က အသံမိုင်းခွဲကာ သတိပေး တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required