တူမီးထီ အပတ်စဉ် (၇) ကံထူးရှင်များ ထွက်ပေါ်

တူမီးထီ အပတ်စဉ် (၇) ကံထူးရှင်များ ထွက်ပေါ်

မဇ္ဈိမ။ ။ ချင်းအမျိုးသားများ တော်လှန်ရေး အတွက် ထောက်ပံ့ကူညီနိုင်ရန် ဖွင့်လှစ်သည့် တူမီးထီအပတ်စဉ် (၇) အတွက် ကံထူးရှင်များ ထွက်ပေါ်လာပြီဖြစ်ကြောင်း တူမီးထီ လူမှုကွန်ရက်စာမျက်နှာတွင် နိုဝင်ဘာလ ၃၀ရက်က ထုတ်ပြန်ထားသည်။

အပတ်စဉ် (၆)မှ ပထမဆု အမေရိကန်ဒေါ်လာ ၂၅၀ နှင့် ဒုတိယဆု ဒေါ်လာ ၃၀ ၏ ကံထူးရှင်များမှာ စင်ကာပူနိုင်ငံကဖြစ်ပြီး တတိယဆု ဒေါ်လာ ၂၀ ကို မြန်မာနိုင်ငံမှ ဆွတ်ခူးသွားခဲ့ကြောင်းဖော်ပြထားသည်။

ပေါက်မဲဆုကြေးငွေနှင့် ပတ်သက်ပြီး မိမိတို့ထည့်သွင်းထားသော ငွေ သို့မဟုတ် ဆုကြေး များကို အကောင့် Menu Panel မှ တစ်ဆင့် စစ်ဆေးနိုင်ပြီး ပြန်လည် ထုတ်ယူလိုပါက Menu Panel မှတစ်ဆင့် Withdraw (ငွေထုတ်ရန်) ခလုတ် နှိပ်ရမည် ဖြစ်ကာ ဆက်လက်၍ လိုအပ်သော အချက်အလက်များ ဖြည့်စွက်ပြီး ပြန်လည် ထုတ်ယူနိုင်ကြောင်းသိရသည်။

ယနေ့ ဒီဇင်ဘာလ ၁ရက်နေ့တွင် တူမီးထီမှ အားလုံးကို “SWEET DECEMBER” ဟု နှုတ်ခွန်းဆက်သလိုက်ပြီး ၂၀၂၂ခုနှစ် နောက်ဆုံးလ၏ ပထမဆုံးနေ့ရက်ကို တူမီးထီ ထိုးခြင်းဖြင့် အစပြုကြရန် ဖိတ်ခေါ်ထားသည်။

တူမီးထီသည် တစ်စောင်လျှင် ငါးဒေါ်လာဖြစ်ပြီး ထီထိုးသူများလေ ဆုကြေး တက်လေ ဖြစ်ကာ အပတ်စဉ်(၈)အတွက် အဖွင့် ဆုကြေး ကို ဒေါ်လာ ၂၀၀ ဖြင့် စတင်ဖွင့်လှစ် လိုက်ကြောင်းအသိပေးထားသည်။

တူမီးထီ၏ ရန်ပုံငွေကို ချင်းတော်လှန်ရေးအဖွဲ့အစည်းများ ၊ စစ်ဘေးရှောင် ပြည်သူများနှင့် CDM ဝန်ထမ်းများအတွက် ထောက်ပံ့ကူညီမှုများ ပြုလုပ်ကြောင်း သိရသည်။

တူမီးထီသည် လောင်းကစားထီမဟုတ်ကြောင်းနှင့် တော်လှန်ရေးကာလ ရန်ပုံ ငွေရှာဖွေရန်အတွက် ယာယီသတ်မှတ်ထားသော အမည်နာမတစ်ရပ်သာဖြစ်ကြောင်းနှင့် ချင်းပြည်အစိုးရအသစ် ပေါ်ပေါက်လာပါက (Federal Lottery) အဖြစ် ချင်းဖက်ဒရယ် အစိုးရထံသို့ တရားဝင်အပ်နှံသွား မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly