နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၃၀ နိုဝင်ဘာ ၂၀၂၂) 

နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၃၀ နိုဝင်ဘာ ၂၀၂၂) 

နိုဝင်ဘာလ ၃၀ ရက်
 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • စစ်ပွဲများတွင် သမားရိုးကျ လက်နက်များနှင့်သာမကဘဲ အဆိပ်သင့်စေသော ဓာတုပစ္စည်းများကို စစ်လက်နက်များမှာ တပ်ဆင်ပစ်ခတ်ခြင်းကြောင့် စစ်ဘက်ဆိုင်ရာပစ်မှတ်များအပြင် အရပ်သားများပါ သေကျေ ဒဏ်ရာရလေ့ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဓာတုလက်နက်များ၏ ဘေးအန္တရာယ် ကာကွယ်ရေး အကြံပြုချက်တွင် ဖော်ပြထားသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတဒူဝါလရှီးလက မြန်မာ့ဒီမိုကရေစီအရေးနှင့် အမျိုးသားတန်းတူ အခွင့်အရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှု ဆွေးနွေးချက်ကို REUTERS Next Leadership Summit နှင့် Global Broadcast တွင် ဒီဇင်ဘာလ ၁ ရက်နေ့ (မနက်ဖြန် ကြာသပတေးနေ့)၊ မြန်မာစံတော်ချိန် နေ့လည် ၂း ၁၀ မိနစ်တွင် ထုတ်လွှင့်ပြသမည်ဖြစ်ပါသည်။ 

  • ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းရှိ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က မီးတင်ရှို့နေပြီး ပြည်သူ ၄ ဦးထက် မနည်း စစ်တပ်က ဖမ်းဆီးထားကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ထန်းဇင်ရွာကို အကြမ်းဖက် စစ်တပ်က ရွာလုံးကျွတ် နီးပါး မီးတင်ရှို့ နေပြီး PDF ရဲဘော် ၂ ဦးကို ဖမ်းဆီးထားကြောင်း မျိုးဆက်သစ် လူငယ် Local PDF မှသိရသည်။ 

  • စစ်ကိုင်းတိုင်း မော်လိုက်မြို့တွင်လည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းများ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၅ ဦးသေဆုံးကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ တောချောင်းဦးရဲစခန်းကို PDF တပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု ရဲတပ်သား ၇ ဦး သေဆုံးကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ရွှေဘို-ခင်ဦး-ရေဦး ကားလမ်းဘေးနှင့် ကျေးရွာများအနီး အကြမ်း ဖက် စစ်တပ်က မြေမြုပ်မိုင်းများ ထောင်ထားခဲ့ပြီး PDF တပ်ဖွဲ့များက မိုင်းရှင်းလင်းရေး လုပ်ဆောင်နေကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့၊ မေတ္တာမြိုင်ရပ်ကွက်တွင် နိုဝင်ဘာ ၂၉ ရက်နေ့ ညပိုင်း တွင် ပျူစောထီးအဖွဲ့က ဓားပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

  • မုံရွာမြို့ လမ်းမ ထက်‌ပေါ်တွင် မုံရွာလူထု သပိတ်တိုက်ပွဲဦး‌ဆောင် ကော်မတီနှင့် အရာတော် လူထု သပိတ်တိုက်ပွဲကော်မတီ၊ အမျိုးသမီးမဟာမိတ်အင်အားစုတို့ ပူးပေါင်းကာ "မုံရွာသမိုင်း မရိုင်းစေရ" စာတန်း ကိုင်ဆောင်ကာ ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ အင်းတိမ်ကျေးရွာကို ယနေ့ နံနက်ပိုင်းတွင် စစ်တပ်က မီးတင်ရှို့ နေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ 

  • စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ပင်သာကျေးရွာနှင့်ကန်သာကုန်းကျေးရွာ ယနေ့ နံနက်ပိုင်းတွင် စစ်တပ်က မီးတင်ရှို့နေကြောင်း ဒေသခံများက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာ ၅ ခုကို စစ်တပ်က မီးရှို့ဖျက် ဆီးခဲ့ ရာတွင် ခရစ်ယန်သာသနာဂိုဏ်း ချုပ် ကာဒီနယ် ချားလ်စ်ဘို လှူဒါန်း ထား သော စာသင် ကျောင်း အပါအဝင် နေအိမ် ၃၀၇ လုံးကိုပါ စစ်တပ်က မီးရှို့ ဖျက် ဆီးခဲ့ပြီး ပြည်သူ ၇ ဦးကိုလည်း သတ်ဖြတ်ခဲ့ကြောင်း ဒေသခံ ပြည်သူ များ ထံမှ သိရ သည်။ 

  • စစ်ကိုင်းတိုင်း ယင်းမာပင် ဆားလင်း ကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် (၆၂၉)ရက်မြောက်နေ့ အဖြစ် နိုဝင်ဘာလ ၃၀ရက်နေ့တွင် ဆားလင်း ကြီး မြို့ နယ် ဈေးတွင် "လူထုတိုက်ပွဲ အရှိန် မြှင့် ကြ ဘုံရန်သူကို ချေမှုန်း ကြ" ကြွေး ကြော်သံဖြင့် ချီတက် ဆန္ဒပြကြသည်။ 

  • ချင်းတွင်းမြစ်အတွင်း အကြမ်းဖက် စစ်တပ် လေယာဥ်ဆီတင် သင်္ဘောများကို ကာကွယ်ရေး တပ်ဖွဲ့များက ဝိုင်း ဝန်း တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက် ဒဏ်ရာရရှိမှုများပြားကြောင်း သိရသည်။ 

  • ရွှေကူမြို့နယ် အခြေခံပညာ ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်)မှ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာ ၃၀ ရက်နေ့တွင် ရွှေကူမြို့နယ် အားကစားကွင်း၌ ''စစ်ကျွန်ပညာသင်ပြီး လူရည်ချွန်မဖြစ်ထိုက်'' စာသားရေးသားကာ စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒပြခဲ့သည်ဟု သိရသည်။ 

  • ရန်ကုန်လူထုသပိတ်မှ T-Shirt အဖြူတွင် ဘီလူးရုပ်ပုံနှင့် Failed Law စာသားများအပါအဝင် 'စစ်အာဏာရှင် စနစ်ကျဆုံးပါစေ'၊ 'အရေးတော်ပုံအောင်ရမည်'၊ 'တော်လှန်မျိုးဆက် ပုန်ကန်ရုန်းထွက်' စသည့် တော်လှန် ရေး စာများပန်းချီဆွဲ၍ စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှာမှုပြုလုပ်ခဲ့ပြီး ပြည်သူများအနေဖြင့်လည်း သွေးမအေးကြောင်းပြသ၍ပါဝင်ကြရန် လှုံ့ဆော်ခဲ့သည်။ 

  • မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ထောက်ပို့ ထော်လာ ဂျီကို PDF တပ်ဖွဲ့များက ဖမ်းဆီးခဲ့ပြီး ကျည်ဆန် တချို့သိမ်းဆည်းရမိ ခဲ့ ကြောင်း NGU:FF (မြေခွေးတပ်ဖွဲ့) ကသိရသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • အရပ်သားပြည်သူတွေနေထိုင်ရာနေရာကို စစ်ကောင်စီတပ်က ပစ်မှတ်ထားပြီး ဒရုန်းများနှင့် တိုက်ခိုက်ခဲ့ တာကြောင့် ကလေးငယ် အပါအဝင် အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး(KNU)က သတင်းထုတ်ပြန်သည်။ 

  • မြန်မာ-တရုတ်နယ်စပ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ရဒေသ၊ ချင်းရွှေဟော်မှာရှိသည့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်-ကိုးကန့်(MNDAA) နဲ့ စစ်ကောင်စီတပ်တို့ ၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ် ခဲ့ကြောင်း MNDAA ဘက်က သတင်းထုတ်ပြန်လာသည်။ 

  • KIA နှင့် PDF များ၏  မီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၂ ခုနှစ်အတွင်း ချင်း၊ စစ်ကိုင်း၊ မကွေးနှင့် ကချင် ပြည်နယ်တို့မှာ အိမ်ခြေ ၅၀၀ ကျော်ပျက်စီးခဲ့ကြောင်း စစ်ကောင်စီ စွပ်စွဲချက်ကို KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ငြင်းဆိုသည်။ 

  • မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့နယ်၊ သိမ်ဇရပ်ရဲစခန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် လူနေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ နေအိမ် ၁ လုံး ထိမှန်ပျက်စီးခဲ့ပြီး အသက် ၈ နှစ်အရွယ် ကလေး ၂ ဦး လက်နက် ကြီးစထိမှန် ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်သည်။ 

  • ဝ ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) ဌာနချုပ် အခြေစိုက်ရာ ပန်ဆန်းမြို့တွင် ယနေ့ ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

စစ်ကောင်စီ 

  • လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးက တိုင်းရင်းသားရေးရာ ယဉ်ကျေးမှု ဖလှယ်ရေး လေ့လာရေးခရီးစဉ်ဖွင့်ပွဲအခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီမှ ထုတ်ပြန်သည်။ 

  • ကလေးမြို့နယ် PDF စခန်း အမှတ် ၃ ကို တပ်မတော် ဝင်ရောက်စီးနင်းတိုက်ခိုက်ချိန် ဖမ်းဆီးခံခဲ့ရသည့် PDF ဆေးတပ်ဖွဲ့ဝင် အမျိုးသမီး ၉ ဦးကို ထောင်ဒဏ် ၁၂ နှစ်စီ ချမှတ်လိုက်ကြောင်း သိရသည်။ 

  • ပြည်ပကို ကုန်ပစ္စည်းတင်ပို့ရောင်းချရာမှာရရှိသည့် ပို့ကုန်ဝင်ငွေများကို အမေရိကန်ဒေါ်လာအပြင် တရုတ်ယွမ်၊ ထိုင်းဘတ်တို့နဲ့ပါ ပြန်လည်ပေးသွင်းခွင့်ပြုကြောင်း စစ်ကောင်စီ ဗဟိုဘဏ်၊ အမြဲတမ်းအတွင်းဝန် ဦးအောင်အောင်က ပြောသည်။ 

  • ရုရှားနိုင်ငံမှ တပ်မတော် စစ်ဦးစီးချုပ်ရုံးအရာရှိချုပ်လည်းဖြစ်၊ ကြည်းတပ်ဒုတိယတပ်ဦးစီးချုပ်လည်း ဖြစ်သည့် Colonel – General Kim Alexey Rostislavovich ဦးဆောင်သည့်အဖွဲ့များ နေပြည်တော်ကို ရောက်ရှိနေကြောင်း စစ်ကောင်စီမှ ထုတ်ပြန်သည်။ 

  • ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သူ ဦးထွန်းထွန်းဟိန်အား ရာဇသတ်ကြီးပုဒ်မ ၁၂၂ အရဆိုပြီး စစ်ကောင်စီမှ ထောင်ဒဏ်နှစ် ၂၀ ချမှတ်လိုက်ကြောင်းသိရသည်။ 

  • ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ဟောင်သရော မြစ်ကူးတံတားကို စစ်ကောင်စီက ပိတ်ထားပြီး ဖြတ်သန်း သွားလာသူများကို “ပစ်မည်” ဟု ခြိမ်းခြောက်နေကြောင်း ဒေသခံများက ပြောသည်။ 

  • မန္တလေးတိုင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာများတွင် CDM ဝန်ထမ်းများ ပြန်လည် ဝင်ရောက် နေထိုင်ခြင်း ရှိ၊ မရှိ စစ်ဆေးရန်နှင့် တွေ့ရှိပါက ဖမ်းဆီးရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း သိရသည်။ 

နိုဝင်ဘာ ၃၀ ရက် သုံးသပ်ချက် 

  • မဲစာရင်းမှားသည်ဟု အကြောင်းပြချက်ပေးပြီး နိုင်ငံအာဏာကို မတရားလုယူထားသည့် စစ်ကောင်စီ သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ကြီးကြီးမားမားယူထားသူများကို အကြောင်းပြချက်မျိုး စုံဖြင့် မတရားအမှုဆင်ကာ ထောင်ဒဏ်နှစ်ရှည်ချမှတ်နေသည်ကိုတွေ့ရသည်။ 

  • စစ်ကောင်စီသည် တိုက်ပွဲများတွင် မနိုင်လျှင် လက်နက်ကြီးပစ်ကူများနှင့် လေယာဉ်ပစ်ကူများဖြင့် တိုက်လေ့ရှိသည်။သို့သော် ယင်းလက်နက်ကြီးနှင့်လေယာဉ်များသည် တိုက်ပွဲဖြစ်သည့်နေရာကို ပစ်ခတ်ခြင်း မျိုးမဟုတ်ဘဲ အရပ်ဖက်ပစ်မှတ်များ စစ်ရေးနှင့်မဆိုင်သည့် နေရာများကို အငြိုးဖြင့် ပစ်ခတ် လေ့ရှိသည်။ယင်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူများ ကလေးသူငယ်များ ထိခိုက်သေဆုံးနေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly