လွတ်လပ်ရေးနေ့အတွက် စစ်အုပ်ချုပ်ရေးနယ်မြေသတ်မှတ်ထားသောမြို့နယ်များတွင် ဧည့်စာရင်း စစ်ဆေးခြင်းနှင့် ပတ်ကင်းလုံခြုံရေးများ တင်းကြပ်ထား

လွတ်လပ်ရေးနေ့အတွက် စစ်အုပ်ချုပ်ရေးနယ်မြေသတ်မှတ်ထားသောမြို့နယ်များတွင် ဧည့်စာရင်း စစ်ဆေးခြင်းနှင့် ပတ်ကင်းလုံခြုံရေးများ တင်းကြပ်ထား

မဇ္ဈိမ။ ။ ရန်ကုန်မြို့အတွင်း စစ်အုပ်ချုပ်ရေးနယ်မြေ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော မြို့နယ်အချို့တွင် ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့မတိုင်မီ ဧည့်စာရင်းစစ်ဆေးခြင်းနှင့် မြို့နယ်အတွင်း ပတ်ကင်းလုံခြုံရေး များ တင်းကြပ်စွာလုပ်ဆောင်နေကြောင်း ရပ်ကွက်တာ၀န်ရှိသူတစ်ဦးက မဇ္စျိမကိုပြောသည်။

စစ်အုပ်ချုပ်ရေးနယ်မြေသတ်မှတ်ထားသော ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့ နယ်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များအတွင်း ညစဉ် ဧည့်စာရင်းစစ်ဆေးခြင်းများနှင့် ပတ်ကင်းဆောင်ရွက် ခြင်းများကို တင်းကြပ်စွာဆောင်ရွက်ရန် ခရိုင်အဆင့် ညွှန်ကြားထားရှိသည်ဟု ဆိုသည်။

ထို့ပြင် ရပ်ကွက်များအတွင်းတပ်ဆင်ထားသော CCTV ကင်မရာ လုပ်ဆောင်ချက်များနှင့် ရိုက်ကူးထား ရှိသောမှတ်တမ်းများကို ပြန်လည်စစ်ဆေးခြင်းများပြုလုပ်ရန် ညွှန်ကြားထားရှိသည် ဟုဆိုသည်။

“ တစ်နေ့ကတည်းက ဧည့်စာရင်းစစ်ဆေးတာတွေ၊ ဆိုင်ကယ်တွေနဲ့ ပတ်တာတွေ မြို့နယ်ထဲ တလျှောက် လုပ်လာတာတွေ့ နေရတယ်။ ယူနီဖောင်း၀တ်တွေ ကားနဲ့ပတ်တာရှိသလို အရပ်၀တ်နဲ့ ဘာကောင်တွေ မှန်းမသိ ဆိုင်ကယ်နဲ့ပတ်နေတာတွေလည်း တွေ့နေရတယ်။ ပုံမှန် စစ်ကား ရဲကားတွေ ပတ်နေတတ်တာ တွေ့ပေမယ့် ဒီရက်ထဲတော့ ခပ်စိတ်စိတ် တွေ့လာရတယ်” ဟု ဒဂုံမြို့သစ်တောင်ပိုင်းတွင်နေထိုင်သော ဒေသခံတစ်ဦးက ဆိုသည်။

အလားတူ အခြား ပုဒ်မ ၁၄၄ ထုတ်ခံထားရသော မြို့နယ်များအတွင်းတွင်လည်း စစ်ကား၊ ရဲကားနှင့် အခြား အရပ်ဘက်ကားများအသုံးပြုကာ လုံခြုံရေးဆောင်ရွက်လျှက်ရှိသည်ကိုတွေ့ရသည်။

စစ်ကောင်စီက ရန်ကုန်တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားအချို့ ပြုလုပ်ရန်ပြင်ဆင်နေ သည်ဟုသိရပြီး ယင်းအတွက် လုံခြုံရေးများတင်းကြပ်စွာ ချထားခြင်းဖြစ်နိုင်ကြောင်း ရန်ကုန်မြို့ခံအချို့ က မှတ်ချက်ပြုသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required