ပါကစ္စတန်တွင် ပျောက်ဆုံးနေသူများနှင့်ပတ်သက်သည့် တိုင်ကြားချက် ၂၀၀ ကျော်ကို စတင် စုံစမ်းစစ်ဆေး

ပါကစ္စတန်တွင် ပျောက်ဆုံးနေသူများနှင့်ပတ်သက်သည့် တိုင်ကြားချက် ၂၀၀ ကျော်ကို စတင် စုံစမ်းစစ်ဆေး

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ်တွင် ပျောက်ဆုံးနေသူများနှင့် ပတ်သက်သည့် တိုင်ကြားထားသည့် တိုင်ကြားစာ ၂၂၂ စောင်နှင့်စပ်လျဉ်းသော စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို ဘာလိုချီစတန်ပြည်နယ် ပြည်ထဲရေးဌာနက စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။

ဘာလိုချီစတန် ပြည်ထဲရေးဌာနသည် တိုင်ကြားစာ ၇၀၀ ခန့် လက်ခံရရှိခဲ့ပြီး ထိုစာများကို စေ့စေ့စပ်စပ် စိစစ်ပြီးနောက် တိုင်ကြားစာ ၂၂၂ စောင်ကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်၏ ပြည်ထဲရေးနှင့် မျိုးနွယ်စု ရေးရာ တွဲဖက်အတွင်းဝန်ချုပ် ဇာဟစ် ဆယ်လင်းမ်က နိုဝင်ဘာ ၁၇ ရက်တွင် ပျောက်ဆုံးနေသူများအရေးဆိုင်ရာ အစ္စလမ်မာဘတ် တရားရုံးချုပ်က ဖွဲ့စည်းပေးထားသော ကော်မရှင်တစ်ခုမှ အဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ပြောသည်။

ဘာလိုချီစတန် အမျိုးသားပါတီ (မန်ဂဲလ်) ၏ ဥက္ကဋ္ဌ ဆာဒါ အက်ခ်တာ မန်ဂဲလ် ဦးဆောင်သော ကော်မရှင်သည် ဘာလိုချီစတန်ပြည်နယ် ဝန်ကြီးချုပ်၏ အတွင်းဝန်များရုံးတွင် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။

ဘာလိုချီစတန်၏ ဒေသအသီးသီးတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာန (CTD) က လုပ်ဆောင်ခဲ့သော စစ်ဆင်ရေးများအတွင်း သေဆုံးသူများ၏ အသေးစိတ်အချက်အလက်များကို အစည်းအဝေးတွင် တောင်းခံ ခဲ့သည်။

စစ်ဆင်ရေးများအတွင်း ပျောက်ဆုံးနေသူတချို့ အသတ်ခံရသည့် ဆိုသည့်ကိစ္စများနှင့်ပတ်သက်ပြီး CTD အရာရှိများက အစည်းအဝေးတွင် ဆွေးနွေးခဲ့သည်။

အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာန (CTD) က လုပ်ဆောင်ခဲ့သည့် စစ်ဆင်ရေးများတွင် ပွင့်လင်းမြင်သာမှု ရှိစေရေး ကြိုးပမ်းသွားမည်ဟု ဘာလိုချီစတန် ရဲတပ်ဖွဲ့အကြီးအကဲ အဗ္ဗဒူလ် ခါလစ် ရှိတ်ခ်က ကော်မရှင်ကို အာမခံပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required