တရုတ်က ပစိဖိတ်ကျွန်းနိုင်ငံများနှင့် လုံခြုံရေးကိစ္စများ ဆွေးနွေး

တရုတ်က ပစိဖိတ်ကျွန်းနိုင်ငံများနှင့် လုံခြုံရေးကိစ္စများ ဆွေးနွေး

ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ရေးအတွက် ပစိဖိတ်ကျွန်းနိုင်ငံများနှင့် နိုဝင်ဘာ ၂၂ရက်က အွန်လိုင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း တရုတ်အစိုးရက ထုတ်ပြန်ခဲ့သော်လည်း ဖိတ်ကြားထားသည့် နိုင်ငံများအနက် ၂ နိုင်ငံထက်မနည်းမှ ဝန်ကြီးများနှင့် ရဲမင်းကြီးများ မတက်ရောက်ခဲ့ကြောင်း အဆိုပါနိုင်ငံများက Reuters သတင်းဌာနအား ပြောကြားခဲ့သည်။

ပစိဖိတ်ကျွန်းနိုင်ငံ ၁၀ နိုင်ငံနှင့် လုံခြုံရေးနှင့် ကုန်သွယ်ရေးသဘောတူညီချက်ရရှိရန် မေလတွင် တရုတ်၏ ကြိုး ပမ်းမှုကြောင့် ဒေသတွင်း၌ တရုတ်၏ စစ်ရေးရည်မှန်းချက်များနှင့် ပတ်သက်၍ အမေရိကန်နှင့် သြစတြေးလျ ကို စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေခဲ့သဖြင့် ယင်းဒေသအား အနောက်နိုင်ငံများက အကူအညီများ တိုးမြှင့်ပေးလာ ခဲ့သည်။

ဆော်လမွန်ကျွန်းစုက ဧပြီလတွင် တရုတ်နှင့် လုံခြုံရေးသဘောတူစာချုပ်ကို ချုပ်ဆိုလိုက်ခြင်းကြောင့် ပထမဆုံး စိုးရိမ်မှုများ ပေါ်ပေါက်လာခဲ့သည်။

တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီး ဝမ်ရှောင်ဟုန်က တောင်ပစိဖိတ်နိုင်ငံအချို့နှင့် ရဲတပ်ဖွဲ့ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ ဝန်ကြီးအဆင့်ဆွေးနွေးပွဲကို ပထမဆုံးအကြိမ်ကျင်းပခဲ့ကြောင်း တရုတ်အစိုးရမီဒီယာက နိုဝင်ဘာ ၂၃ရက်တွင် ဖော်ပြခဲ့သည်။

ဆော်လမွန်ကျွန်းစုတွင် နိုဝင်ဘာ ၂၂ရက်က ပြင်းထန်သော ငလျင် ၂ ကြိမ် လှုပ်ခတ်ပြီးနောက်တွင် ဗီဒီယို အစည်းအဝေးကို ဆော်လမွန်ကျွန်းစုရဲဝန်ကြီး အန်တော်နီ ဗီကီက ပူးတွဲသဘာပတိအဖြစ်ဆောင်ရွက်ကာ ကျင်းပခဲ့ခြင်းဖြစ်သည်။

ဖီဂျီရှိ တရုတ်သံရုံး၏ တွစ်တာအကောင့်တွင် တင်ထားသော ဓာတ်ပုံတွင် ဗီဒီယိုအစည်းအဝေးတွင် ဗီကီအား ပစိဖိတ်ကျွန်းစုများမှ တက်ရောက်လာသည့် တစ်ဦးတည်းသော ဝန်ကြီးအဖြစ် ဖော်ပြခဲ့သည်။

ဖီဂျီ၊ ဗာနတူ၊ ကီရီဘာတီ၊ တွန်ဂါနှင့် ပါပူဝါနယူးဂီနီတို့မှ ရဲတပ်ဖွဲ့အကြီးအကဲများ တက်ရောက်ခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

သြစတြေးလျနိုင်ငံသားဖြစ်သည့် တွန်ဂါရဲဝန်ကြီးနှင့် မင်းကြီး မတက်ရောက်ခဲ့ကြောင်း တွန်ဂါရဲတပ်ဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ အမျိုးသမီးက ရိုက်တာသို့ ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly