ပါကစ္စတန်ဆန္ဒပြသူများက ဂွါဒါဆိပ်ကမ်းကို ဇူလိုင် ၂၁ ရက်မှစ၍ ပိတ်ပစ်မည်ဟု ခြိမ်းခြောက်

ပါကစ္စတန်ဆန္ဒပြသူများက ဂွါဒါဆိပ်ကမ်းကို ဇူလိုင် ၂၁ ရက်မှစ၍ ပိတ်ပစ်မည်ဟု ခြိမ်းခြောက်

ပါကစ္စတန်နိုင်ငံမှ ဂွါဒါအခွင့်အရေးလှုပ်ရှားမှုကို ဦးဆောင်သူ ရာမန်ဘလူးချ်က ပြည်နယ်အစိုးရအနေဖြင့် သဘောတူထားသည့် တောင်းဆိုချက်များ မဖြည့်ဆည်းပေးပါက ဂွါဒါဆိပ်ကမ်းကို ဇူလိုင် ၂၁ ရက်မှစ၍ ပိတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ ကြောင်း Dawn သတင်းတွင် ဖော်ပြထားသည်။

ကာလကြာရှည်ထိုင်သပိတ်ဆင်နွှဲမှု အဆုံးသတ်ရေးအတွက် ၂၀၂၂ခုနှစ် ဧပြီလ သဘောတူညီချက်တွင် အစိုးရက ပေးခဲ့သည့် ကတိများကို မဖြည့်ဆည်းသေးသည့်အတွက် တရုတ်-ပါကစ္စတန် စီးပွား ရေးစင်္ကြံ၏ အရေးပါသော အစိတ် အပိုင်းအဖြစ် ကျန်ရှိနေသည့် ဂွါဒါဆိပ်ကမ်းသို့ သွားသည့် အဝေးပြေးလမ်းကို ဆန္ဒပြသူ ထောင်ပေါင်း များစွာက ပိတ်ဆို့ပြီးနောက်တွင် ယင်းကိစ္စဖြစ်ပေါ်နေခြင်းဖြစ်သည်။

ယင်းဆန္ဒပြမှုများသည် အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့သည်။

လှုပ်ရှားမှု တောင်းဆိုချက်များတွင် ဘလူချီစတန်ပြည်နယ် ပင်လယ်ရေပိုင်နက်အတွင်း တရားမဝင် ဆွဲပိုက်ချ ငါးဖမ်းခြင်းကို ရပ်တန့်ရန်၊ ပျောက်ဆုံးသူများ ပြန်လည်တွေ့ရှိရေး၊ အီရန်နှင့် နယ်စပ်ကုန်သွယ်မှုတွင် သဘော တူညီမှုရရှိရေး၊ မူးယစ်ဆေးဝါးနှင့် အခြား ဂွါဒါတွင်ဖြစ်ပွားနေသည့် ကိစ္စရပ်များကို အဆုံးသတ်ရေး တောင်းဆို ခဲ့ကြောင်းThe Dawn မှ ဖော်ပြခဲ့သည်။

အဆိုပါ ဆန္ဒပြပွဲတွင် အမျိုးသား၊ အမျိုးသမီး၊ ကလေးများနှင့် ဒေသခံ ငါးဖမ်းသမားများ ပါဝင်ခဲ့သည်။

ဒေသခံများက လက်ရှိ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရများကို ဆန့်ကျင်သည့် ကြွေးကြော်သံများကြွေးကြော်ကာ ထိုင်သပိတ်ဆင်နွှဲခဲ့ကြသည်။

ဂွါဒါအမြန်လမ်းပေါ်တွင် ယင်းဆန္ဒပြမှုကို Gwadar Haq Do Tehreek ၏ ခေါင်းဆောင် ရာမန်က ဦးဆောင်ခဲ့ သည်။

မူလာနာ ရာမန်နှင့် အခြားပြောခွင့်ရပုဂ္ဂိုလ်များက ၂၀၂၁ခုနှစ်က ဆန္ဒပြခေါင်းဆောင်များနှင့် သဘော တူညီချက်ကို အကောင်အထည်မဖော်သည့်အတွက် ဗဟိုနှင့် ပြည်နယ်အစိုးရများကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။

လူအများက ၎င်းတို့၏ နေရင်းပြည်နယ်တွင် သူစိမ်းများကဲ့သို့ ခံစားနေရသည်ဟု Dawn က ဖော်ပြခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly