တရုတ်နှင့် ကမ္ဘောဒီးယား ရေတပ်စခန်းများ တိုးချဲ့ကာ စစ်ဘက်ဆက်ဆံမှု အဆင့်မြှင့်တင်ရန် ကြိုးပမ်း

By SCMP
26 November 2022
တရုတ်နှင့် ကမ္ဘောဒီးယား ရေတပ်စခန်းများ တိုးချဲ့ကာ စစ်ဘက်ဆက်ဆံမှု အဆင့်မြှင့်တင်ရန် ကြိုးပမ်း

ကမ္ဘောဒီးယားလက်နက်ကိုင်တပ်ဖွဲ့များ တိုးတက်ရေးအတွက် အကူအညီပေးသည့် တရုတ်စစ်တပ်အား ကျေးဇူး တင်ကြောင်း ဝန်ကြီးချုပ် ဟွန်ဆန်သည် နိုဝင်ဘာ ၂၀ရက်တွင် ပြောကြားခဲ့ပြီး နှစ်နိုင်ငံ စစ်တပ်များ ပူးပေါင်း ဆောင်ရွက်မှု အားကောင်းလာမည်ဟု မျှော်လင့်ကြောင်း ထပ်မံပြောကြားလိုက်သည်။

ဖနွမ်းပင်မြို့တွင် တရုတ်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဝေဖန်ဟောင်နှင့် တွေ့ဆုံစဉ် တောင်တရုတ်ပင် လယ်တွင် တရုတ်နှင့်အတူ ငြိမ်းချမ်းရေးထိန်းသိမ်းရေးဆောင်ရွက်ရန် ကမ္ဘောဒီးယားက မျှော်လင့်ထားကြောင်း ဟွန်ဆန်က ပြောကြားခဲ့သည်ဟု တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

တရုတ်က တိုးချဲ့ နေသည့် Ream ရေတပ်အခြေစိုက်စခန်းနှင့် ပတ်သက်၍ စိုးရိမ်မှုကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဟွန်ဆန်နှင့် နိုဝင်ဘာလအစောပိုင်းက တွေ့ဆုံချိန်တွင် ပြောကြားခဲ့သည်။

အငြင်းပွားနေသော တောင်တရုတ်ပင်လယ်တွင် စစ်ရေးသြဇာ ချဲ့ထွင်ရေးအတွက် တရုတ်က ယင်းအခြေစိုက်စခန်းကို အသုံးပြုရန် စီစဉ်နေခြင်းကို အမေရိကန်က စိုးရိမ်နေသည်။

တရုတ်စစ်တပ်က ယင်းအခြေစိုက်စခန်း၏ အစိတ်အပိုင်းတစ်ချို့ကို သီးသန့်အသုံးပြုရန် ရည်ရွယ်ထားကြောင်း Wall Street Journal နှင့် The Washington Post တို့က အမည်မဖော်လိုသူ အရာရှိများကို ကိုးကားပြီး သီးခြားစီ ဖော်ပြခဲ့သည်။

တရုတ်နှင့် ကမ္ဘောဒီးယားတို့က အဆိုပါသတင်းများကို ငြင်းဆိုထားပြီး ကမ္ဘောဒီးယား ဖွဲ့စည်းပုံအခြေခံဥပဒေက နိုင်ငံခြားအခြေစိုက်စခန်းများကို ခွင့်မပြုကြောင်း ကမ္ဘောဒီးယားက ပြောဆိုထားသည်။

တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း အဖွဲ့ဝင် ၁၀ နိုင်ငံကြား လက်မှတ်ရေးထိုးခဲ့သည့် ၂၀ဝ၂ ခုနှစ် ကြေညာချက်ကို ရည်ညွှန်းပြီး" တောင်တရုတ်ပင်လယ်ရှိ နိုင်ငံများ၏ ကျင့်ဝတ်ဆိုင်ရာ ကြေညာစာတမ်းကို လက်မှတ် ရေးထိုးရန် ကမ္ဘောဒီးယားက တက်ကြွစွာ တွန်းအားပေးခဲ့ပြီး တရုတ်နှင့်အတူ တောင်တရုတ်ပင် လယ် ၏ တည်ငြိမ်အေးချမ်းရေးကို ကာကွယ်ရန် မျှော်လင့်ကြောင်း ဟွန်ဆန်က ပြောကြားခဲ့ကြောင်း တရုတ်အစိုးရပိုင် သတင်းအေဂျင်စီ ဆင်ဟွာက ဖော်ပြခဲ့သည်။

ကျင့်ဝတ်စည်းကမ်းကို လက်မှတ်ရေးထိုးထားသည့် နိုင်ငံများသည် အင်အားအသုံးပြု ခြိမ်းခြောက်ခြင်းမပြုဘဲ ယုံကြည်မှုတည်ဆောက်ရန်နှင့် တောင်တရုတ်ပင်လယ်တွင် မိမိကိုယ်ကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန် နည်းလမ်းများကို ရှာဖွေရန် ကတိကဝတ်ပြုထားသည်။

သို့သော် သဘောတူညီချက်တွင် အငြင်းပွားမှုများကို ဖြေရှင်းရန် မည်သည့်နည်းလမ်းကိုမျှ အတိအကျ မဖော်ပြထားပေ။

အဆိုပါ ကြေညာချက်တွင် တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း အဖွဲ့ဝင်များသည် ဒေသတွင်း ရေကြောင်းနှင့် လေကြောင်း လွတ်လပ်စွာ သွားလာခွင့်ကို လေးစားရန် ကတိပြုထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly