ပါကစ္စတန်ဂျာနယ်လစ် သေဆုံးမှုက ကြိုတင်စီစဉ်ထားသော လူသတ်မှုဟု ကင်ညာ လူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်

By The Nation
25 November 2022
ပါကစ္စတန်ဂျာနယ်လစ် သေဆုံးမှုက ကြိုတင်စီစဉ်ထားသော လူသတ်မှုဟု ကင်ညာ လူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်

ပါကစ္စတန် နာမည်ကျော် ဂျာနယ်လစ် အာရှက်ဒ် ရှာရစ် ကင်ညာနိုင်ငံ၌ သေဆုံးမှုကိစ္စက လူသတ်မှု ဖြစ်ကြောင်း ကင်ညာ လူ့အခွင့်အရေးကော်မရှင် (KHRC) က ကြေညာလိုက်သည်။

ဂျာနယ်လစ် အာရှက်ဒ် ရှာရစ်သည် ကြိုတင်စီစဉ်ထားသော အစီအစဉ်တစ်ခုအောက်တွင် အသတ်ခံရခြင်း ဖြစ်ကြောင်း KHRC အဖွဲ့ဝင် မာတင် မာဗန်ဂျီနာက ပြောသည်။

“အာရှက်ဒ် ရှာရစ် သေဆုံးမှုနဲ့ပတ်သက်လို့ ကင်ညာရဲတပ်ဖွဲ့ရဲ့ ရပ်တည်ချက်အနေအထားကလည်း အားနည်းနေတယ်” ဟု သူက ပြောသည်။

“ဂျာနယ်လစ် အာရှက်ဒ် ရှာရစ်ကို သေနတ်နဲ့ ပစ်ခဲ့သူတွေဟာ အသေအချာ လေ့ကျင့်ထားတဲ့ လူတွေဖြစ်တယ်ဆိုတာက စုံစမ်းစစ်ဆေးမှုတွေအရ ပေါ်လွင်ထင်ရှားနေခဲ့ပါတယ်” ဟု သူက ပြောသည်။

ပါကစ္စတန် အကြီးတန်း ဂျာနယ်လစ် အာရှက်ဒ် ရှာရစ်သည် ပြီးခဲ့သည့် သီတင်းပတ်များအကြာက ကင်ညာနိုင်ငံတွင် အသတ်ခံရခြင်း ဖြစ်ပြီး ထိုဖြစ်စဉ်သည် မှားယွင်းသတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု ကင်ညာရဲတပ်ဖွဲ့က သတ်မှတ်ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required