တရုတ်သြဇာလွှမ်းမိုးမှုကို တန်ပြန်ရန် အင်ဒို-ပစိဖိတ်ဒေသတွင် ကနေဒါက စစ်အင်အား တိုးမြှင့်သွားမည်

By SCMP
24 November 2022
တရုတ်သြဇာလွှမ်းမိုးမှုကို တန်ပြန်ရန် အင်ဒို-ပစိဖိတ်ဒေသတွင် ကနေဒါက စစ်အင်အား တိုးမြှင့်သွားမည်

တရုတ်သြဇာလွှမ်းမိုးမှုကို တန်ပြန်ရန် မကြာမီထုတ်ပြန်တော့မည့် ဒေသတွင်းမဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်း အဖြစ် အင်ဒို-ပစိဖိတ်ဒေသတွင် ကနေဒါက စစ်အင်အားကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး အနီတာအေနန်က ပြောကြားလိုက်သည်။

အင်ဒို-ပစိဖိတ်ဒေသတွင်း နိုင်ငံများနှင့် ဆက်ဆံရေးသည် နိုင်ငံတော်လုံခြုံရေး၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ ရည်မှန်းချက်များအတွက် အရေးကြီးသည်ဟု ကနေဒါက ရှုမြင်သည်။ ကနေဒါကလာမည့် ရက် သတ္တပတ်အနည်းငယ်အတွင်း ဒေသအတွက် ကျယ်ပြန့်သော မဟာဗျူဟာသစ်ကို ထုတ်ဖော်ကြေညာ မည်ဟု ပြောကြားထားသည်။

နိုဝင်ဘာ ၁၈ရက် Halifax နိုင်ငံတကာလုံခြုံရေးဖိုရမ် မိန့်ခွန်းတွင် အသေးစိတ်အချက်အလက်များကို အေနန်က ပြောကြားခြင်းမရှိသော်လည်း ကနေဒါ၏ အင်ဒို-ပစိဖိတ်ဒေသအတွက် စစ်အသုံးစရိတ်အသစ်များ ပါဝင်လာ နိုင်ကြောင်း သူမ၏ မှတ်ချက်များက ဖော်ပြနေသည်။

“ မဟာဗျူဟာက ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို မြှင့်တင်ရာမှာ ကနေဒါက ခေါင်းဆောင် နိုင်ငံအဖြစ် ရပ်တည်သွားမှာပါ” ဟု အေနန်က ပြောကြားခဲ့သည်။

" ဒေသတွင်းမိတ်ဖက်တွေ၊ မဟာမိတ်တွေနဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးကို တိုးမြှင့် ဆောင်ရွက်သွားပါမယ်”

မဟာဗျူဟာသစ်သည် ရာသီဥတုပြောင်းလဲမှုနှင့် ပတ်သက်ပြီး ကမ္ဘာဒုတိယအကြီးဆုံးစီးပွားရေးနှင့် ပူးပေါင်း ဆောင်ရွက်လျက် လူ့အခွင့်အရေးချိုးဖောက်မှုများ အပါအဝင် ကိစ္စရပ်များအတွက် တရုတ်ကို စိန်ခေါ်ရန် ရည်ရွယ်ထားကြောင်း ကနေဒါနိုင်ငံခြားရေးဝန်ကြီး မယ်လိန်းဂျိုးလီက နိုဝင်ဘာလ အစောပိုင်းတွင် ပြောကြား ခဲ့သည်။

“စိန်ခေါ်သင့်တဲ့အချိန်မှာ စိန်ခေါ်ပြီး ပူးပေါင်းဆောင်ရွက်သင့်ချိန်မှာ ပူးပေါင်းသွားမှာပါ” ဟု အာနန်က ပြောကြားခဲ့သည်။

အမေရိကန်-ကနေဒါ မြောက်အမေရိက ကာကွယ်ရေးအဖွဲ့အစည်း NORAD ကို အလေးထားကြောင်းနှင့် ယူကရိန်းကို ဆက်လက်ထောက်ပံ့သွားမည်ဟု အေနန်က ကတိပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly