အီရန်အနေဖြင့် ပိတ်ဆို့အရေးယူမှုများ ရှောင်လွှဲရန်အကူအညီပေးသည့် တရုတ်ကုမ္ပဏီများကို အမေရိကန် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့

အီရန်အနေဖြင့် ပိတ်ဆို့အရေးယူမှုများ ရှောင်လွှဲရန်အကူအညီပေးသည့် တရုတ်ကုမ္ပဏီများကို အမေရိကန် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့

အီရန်ရေနံဓာတုပစ္စည်းများနှင့် ရေနံထွက်ပစ္စည်းများကို အရှေ့အာရှဝယ်လက်များထံ ရောင်းချရန် ကူညီ ဆောင်ရွက်ပေးသည်ဟု ဝါရှင်တန်က စွပ်စွဲထားသည့် တရုတ်၊ ဟောင်ကောင်နှင့် ယူအေအီးအခြေစိုက် ကုမ္ပဏီ ဒါဇင်ကျော်ကို အမေရိကန်က ပိတ်ဆို့အရေးယူလိုက်သည်။

အီရန်၏ ၂၀၁၅ခုနှစ် နျူကလီးယားသဘောတူညီချက်ကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုများ ရပ်တန့်သွား ကာ အီရန်နှင့် အနောက်နိုင်ငံများကြား ဆက်ဆံရေး တင်းမာလာပြီး အီရန်ပြည်သူများက အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေချိန်တွင် အီရန်ရေနံမှောင်ခိုရောင်းချမှုကို ဆန့်ကျင်သည့် အမေရိကန်၏ နောက်ဆုံး လှုပ်ရှားမှုသည်ထွက်ပေါ်လာခြင်းဖြစ်သည်။

နျူကလီးယားသဘောတူစာချုပ်ကို ပြန်လည်အကောင်အထည်မည့် အလားအလာများ မှေးမှိန်သွားခြင်းကြောင့် အီရန်၏ ရေနံဓာတုပစ္စည်းများ တင်ပို့မှုနှင့်ပတ်သက်၍ အမေရိကန်က တရုတ်ကုမ္ပဏီများကို ပိုမိုပစ်မှတ်ထား ခဲ့သည်။

နိုဝင်ဘာ ၁၇ရက်တွင် ပိတ်ဆို့အရေးယူခံရသော ကုမ္ပဏီ ၁၃ ခုသည် National Iranian Oil Company နှင့် Triliance Petrochemical Co. Ltd. တို့အပါအဝင် ဒဏ်ခတ်ပိတ်ဆို့ခံထားရသော ကုမ္ပဏီများကိုယ်စား အရှေ့ အာရှဝယ်ယူသူများထံ ဒေါ်လာ သန်းရာနှင့် ချီတန်ဖိုးရှိသော အီရန်ရေနံဓာတုပစ္စည်းများနှင့် ရေနံထွက် ပစ္စည်းများကို ရောင်းချရာတွင် လွယ်ကူချောမွေ့စေရေးဆောင်ရွက်ပေးခဲ့သည်ဟု အမေရိကန်ဘဏ္ဍာရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"ယနေ့ပြစ်ဒဏ်ချမှတ်ခြင်းသည် ရေနံနှင့် ရေနံဓာတုပစ္စည်းများကို တရားမဝင်ရောင်းချရန် အီရန်က အသုံးချနေ သော ရှုပ်ထွေးသော ပိတ်ဆို့အရေးယူမှု ရှောင်လွှဲမှုနည်းလမ်းများကို ထပ်မံဖော်ပြနေသည်" ဟု ဘဏ္ဍာရေး ဝန်ကြီးဌာန၏ အကြမ်းဖက်မှုနှင့် ဘဏ္ဍာရေးထောက်လှမ်းရေးဆိုင်ရာ လက်ထောက်ဝန်ကြီး ဘရိုင်ယန် နယ်လ် ဆင်က ကြေညာချက်တွင် ပြောကြားခဲ့သည်။

"အမေရိကန်က ဒီရောင်းချမှုတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ဒီကုမ္ပဏီတွေကို ပိတ်ဆို့အရေးယူမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာပါ"

ယင်းပိတ်ဆို့အရေးယူခံရသည့် ကုမ္ပဏီများထဲတွင် အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် ဟောင်ကောင် အခြေ စိုက် ကုမ္ပဏီများသည် Triliance Petrochemical Co. Ltd. နှင့် ချိတ်ဆက်မှုရှိသည်ဟု ဘဏ္ဍာရေးဌာနက စွပ်စွဲခဲ့ပြီး နောက်ဆုံးလုပ်ဆောင်ချက်တွင် အမေရိကန်က အဓိကထားသည့် ကုမ္ပဏီမှာ ပိတ်ဆို့အရေးယူမှု များကို တိမ်းရှောင်နေသည့် ဟောင်ကောင်အခြေစိုက်ကုမ္ပဏီဖြစ်သည်။

တရုတ်အခြေစိုက် East Asia Trading Import and Export Trade ကုမ္ပဏီလီမိတက်သည်လည်း ပိတ်ဆို့ ခံရပြီး National Iranian Oil Company နှင့် ယင်း၏ ဈေးကွက်ရှာဖွေရေးဌာနအတွက် နိုင်ငံခြား ဖောက်သည် တစ်ဦးထံ ရေနံတင်ပို့ရာတွင် လွယ်ကူချောမွေ့စေရေးဆောင်ရွက်ပေးခဲ့သည်ဟု အမေရိကန်က စွပ်စွဲထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly