အိန္ဒိယနယ်စပ်ကိုဖြတ်ကျော်၍ တရုတ်ကျူးကျော်ဝင်ရောက်မှုများသည် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြ

အိန္ဒိယနယ်စပ်ကိုဖြတ်ကျော်၍ တရုတ်ကျူးကျော်ဝင်ရောက်မှုများသည် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြ

အိန္ဒိယနယ်စပ်ကိုဖြတ်ကျော်၍ တရုတ်ကျူးကျော်ဝင်ရောက်မှုများသည် မတော်တဆ ဖြစ်ရပ်မျိုးမဟုတ်ဘဲ ယင်းတို့သည် အငြင်းပွားနယ်စပ်ဒေသများကို အမြဲတမ်းထိန်းချုပ်ရရှိရန် အစီအစဉ်တကျ ရည်ရွယ်လုပ်ဆောင် ခြင်းဖြစ် ကြောင်း PLOS ONE ဂျာနယ်တွင် ဖော်ပြထားသော လေ့လာမှုအသစ်တစ်ခုက ဖော်ပြခဲ့သည်။

၂၀၂၀ပြည့်နှစ် ဂွါလမ်ပဋိပက္ခနောက်ပိုင်း နယ်စပ်ပြဿနာသည် အိန္ဒိယနှင့် တရုတ်ကြားတွင် အဓိကပြဿနာ အဖြစ် တည်ရှိနေခဲ့သည်။

အိန္ဒိယနှင့် တရုတ်တို့သည် နယ်နမိတ်သတ်မှတ်ထိန်းချုပ်မျဉ်း (LAC) တစ်လျှောက် အခြေအနေများနှင့် ပတ်သက်၍ သံတမန်ရေးရာနှင့် စစ်ရေးအဆင့် အစည်းအဝေးများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြသည်။

အိန္ဒိယနှင့် တရုတ်ဆက်ဆံရေးသည် နယ်စပ်မတည်ငြိမ်ပါက ပုံမှန်မဖြစ်နိုင်ကြောင်း အိန္ဒိယက ထပ်ခါတလဲလဲ အလေးပေးပြောကြားခဲ့ပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို တရုတ်က နှောင့်ယှက်ပါက ဆက်ဆံရေးကို အကျိုးသက်ရောက်စေမည်ဖြစ်ကြောင်း ထပ်မံပြောကြားထားသည်။

"ဟိမဝန္တာတောင်တန်းဒေသများတွင် တင်းမာမှု မြင့်တက်လာခြင်း- အိန္ဒိယသို့ တရုတ်နယ်စပ် ကျူးကျာ်ဝင် ရောက်မှုများ၏ ပထဝီဝင်ဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုတစ်ခု" ခေါင်းစဉ်ဖြင့် လေ့လာမှုအသစ်က အိန္ဒိယနယ်စပ်တွင် တရုတ်က မည်သို့ ကျူးကျော်ဝင်ရောက်သည်ကို ဖော်ပြခဲ့သည်။

"မီဒီယာမှာ ဖော်ပြထားတဲ့ LAC တစ်လျှောက် ကျူးကျော်မှုဆိုင်ရာ အချက်အလက်တွေကို ကျွန်တော်တို့ စုဆောင်းခဲ့ပါတယ်။ အနောက်နဲ့ အရှေ့ဘက်မှာ တရုတ်ကျူးကျော်မှုတွေက သီးခြားစီဖြစ်တယ်လို့ လေ့လာမှု ကနေ ကောက်ချက်ချလို့ရပါတယ်" ဟု နိုဝင်ဘာ ၁၀ ရက် PLOS ONE ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လေ့လာမှုက ဖော်ပြခဲ့သည်။

စစ်ရေးအရ အနောက်နှင့် အရှေ့ကို မတူညီသော ပဋိပက္ခ ၂ ခုအဖြစ် ရှုမြင်နိုင်သည်ဟု ငြင်းချက်ထုတ်ခဲ့ကြသည်။

သုတေသနပြုချက်အရ၊ ဒတ်ဆန်၊ ပန်ဂုံနှင့် ဒို့လမ်အပါအဝင် အနောက်ဘက်ခြမ်းရှိ အနီရောင်ဇုန် ၆ ခုတွင် အဓိက ထိတွေ့မှုများ သို့မဟုတ် ထိပ်တိုက်တွေ့ဆုံမှုများဖြစ်ပွားပြီးနောက် တင်းမာမှုများ မြင့်တက်လာခဲ့သည်။

အောက်တိုဘာလတွင် အိန္ဒိယမှ ထွက်ခွာတော့မည့် တရုတ်သံအမတ်ကြီး ဆန်းဝေတုန်နှင့် အိန္ဒိယပြည်ပ ရေးရာဝန်ကြီး ဂျိုင်းရှန်ကာက တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးကို ထိန်းသိမ်းရန် နယ်စပ်ဒေသများ တည်ငြိမ် အေးချမ်းရေးသည် မရှိမဖြစ်လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly