ကနေဒါတွင် တရုတ်ရဲစခန်းမျာရှိသည်ဆိုသည့် သတင်းကို စုံစမ်းမှု စတင်

ကနေဒါတွင် တရုတ်ရဲစခန်းမျာရှိသည်ဆိုသည့် သတင်းကို စုံစမ်းမှု စတင်

ကနေဒါတော်ဝင်ရဲတပ်ဖွဲ့က တိုရွန်တိုမြို့ရှိ တရုတ်ရဲစခန်းများနှင့် ပတ်သက်သော သတင်းများအားစစ်ဆေးမှု စတင်ပြီဖြစ်ကြောင်း ကြေညာထားသည်။

ကနေဒါတော်ဝင်ရဲတပ်ဖွဲ့ (RCMP) သည် ဂရိတ်တားတိုရွန်တိုဧရိယာတွင် တရုတ်ကိုယ်စား လုပ်ဆောင် နေသည်ဟု ယူဆရသော ရဲစခန်းများတွင် ပြည်ပဝင်ရောက်စွက်မှုဖြစ်နိုင်ခြေရှိသော အကြောင်းအရာများကို စစ်ဆေးလျက်ရှိကြောင်း နိုဝင်ဘာ ၂၂ ရက်က ထုတ်ပြန်ခဲ့သည်။

တရုတ်က ကနေဒါတစ်လွှားရှိ တရုတ်လူမျိုးများကို ပစ်မှတ်ထားသည်ဟူသော သတင်းများကို ကနေဒါရဲတပ်ဖွဲ့က သတိပြုမိပြီး ထိုလုပ်ရှားမှုများနှင့်ပတ်သက်သော ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မိမိတို့၏ ရည်ရွယ်ချက်မှာ ကနေဒါရှိ အသိုက်အဝန်းတစ်ခုခုအတွက် အသုံးချခံနေရသည့် နိုင်ငံခြားအဖွဲ့အစည်းကိုယ်စား လုပ်ဆောင်သော ထိတ်လန့်စေခြင်း ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ခြင်းနှင့် တခြားအန္တရာယ်ဖြစ်စေသော မည်သည့်ပုံစံကိုမဆို တားဆီးရန်ဖြစ်သည်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်ပဝင်ရောက်စွက်ဖက်မှုသည် ကနေဒါနိုင်ငံ၏ ပြည်တွင်းရေးကို တိုက်ရိုက်ဝင်ရောက်စွက်ရာ ရောက်သောကြောင့် ကနေဒါနိုင်ငံ၏ လုံခြုံရေးအတွက် ခြိမ်းခြောက်မှုဟု ယူဆကြောင်းလည်း ကနေဒါရဲတပ်ဖွဲ့က အလေးပေးပြောကြားခဲ့သည်။

ထိတ်လန့်စေမှု၊ နှောင့်ယှက်မှု၊ ခြိမ်းခြောက်မှု သို့မဟုတ် အကျင့်ပျက်ခြစားမှုတို့ အပါအဝင် ကနေဒါနို င် ငံသားများ၏ ဘဝနေထိုင်မှုကို ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းမှုအားလုံးကို ကနေဒါရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အာဏာပိုင်များသည် စွပ်စွဲခံထားရသည့် ရဲစခန်းများဆီမှ လှုပ်ရှားမှုများကို သတိထားမိပါက သို့မဟုတ် တရုတ်၏ ခြိမ်းခြောက်ခြင်းခံရပါက ၎င်းတို့ကို ဆက်သွယ်ရန် ကနေဒါနိုင်ငံသားများအား ညွှန်ကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly