ပါကစ္စတန်၏ ကြွေးမြီပြန်ဆပ်ရန် ပျက်ကွက်နိုင်မှု အလားအလာ မြင့်တက်နေ

ပါကစ္စတန်၏ ကြွေးမြီပြန်ဆပ်ရန် ပျက်ကွက်နိုင်မှု အလားအလာ မြင့်တက်နေ

ပါကစ္စတန်၏ ကြွေးမြီ ပြန်လည်ပေးဆပ်ရန် ပျက်ကွက်မှု ဖြစ်နိုင်ခြေ အလားအလာ သတ်မှတ်ချက်သည် နိုဝင်ဘာ ၁၄ ရက်တွင် ၄ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ပြီး ၆၄ ဒသမ ၂ ရာခိုင်နှုန်းကို ရောက်လာခဲ့သည်။ နိုင်ငံအနေဖြင့် တိုးလာနေသော သွင်းကုန်ဆိုင်ရာ ငွေပေးချေမှုများနှင့် ပြည်ပကြွေးမြီများကို အချိန်မီ ဖြည့်ဆည်းပေးဆပ်ရန် ရင်းမြစ်ရှိမနေကြောင်းကို ညွှန်ပြနေသည်။

ပါကစ္စတန်၏ ကြွေးမြီ ပြန်လည်ပေးဆပ်ရန် ပျက်ကွက်မှု ဖြစ်နိုင်ခြေ အလားအလာကို ၅ နှစ် ချေးငွေ အာမခံဖလှယ်မှု ပုံစံ (CDS) အညွှန်းကိန်းဖြင့် တိုင်းတာသည်။

ပါကစ္စတန်သည် ၂၀၂၂ ဒီဇင်ဘာ ၅ ရက်တွင် အချိန်သက်တမ်းစေ့မည့် ၅ နှစ် Sukuk (အစ္စလမ္မစ် ရှာရီယာဥပဒေနှင့်အညီ လိုက်နာသော ငွေချေးစာချုပ်) တစ်ခုအတွက် ဒေါ်လာ ၁ ဘီလီယံကို ပြန်လည် ပေးဆပ်ရန် စီစဉ်ထားသည်။

ငွေချေးစာချုပ် Sukuk နှင့်ပတ်သက်သည့် ရင်းနှီးမြှုပ်နှံမှု တန်ဖိုးဆိုင်ရာ ရာခိုင်နှုန်းအပြောင်းအလဲက တစ်နေ့တည်းအတွင်း အခြေခံပွိုင့် ၉၆၄ မြင့်တက်ပြီး ၆၉ ဒသမ ၉၆ ရာခိုင်နှုန်းအထိ ရောက်ခဲ့ကြောင်း Topline Research က ဖော်ပြသည်။ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးဆိုင်ရာ ရာခိုင်နှုန်းအပြောင်းအလဲ မြင့်တက်မှုကို ကြည့်မည် ဆိုပါက ဒေါ်လာ ၁ ဘီလီယံ Sukuk ငွေချေးစာချုပ်နှင့်ပတ်သက်ပြီး နိုင်ငံအနေဖြင့် ပေးဆပ်ရန်ပျက်ကွက်မှု ဖြစ်နိုင်သည်ဟု ရင်းနှီးမြှုပ်နှံသူများက ထင်မြင်နေကြောင်းကို ညွှန်ပြနေသည်။

သို့သော် ပါကစ္စတန်တွင် နိုင်ငံခြားအရန်ငွေ ဒေါ်လာ ၉ ဘီလီယံကျော် ရှိကြောင်းနှင့် အဆိုပါ ငွေများသည်သွင်းကုန်များအတွက် ပေးချေရန်နှင့် ပြည်ပကြွေးမြီများ ပြန်ဆပ်ရန် လုံလောက်သည်ထက် ပိုသည့် ပမာဏဖြစ်ကြောင်း ပါကစ္စတန် ဗဟိုဘဏ် (SBP) ၏ ဥက္ကဋ္ဌ ဂျမီးလ် အာမက်ဒ်က တုံ့ပြန်ရှင်းလင်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly