ပါကစ္စတန်၏ F-16 တိုက်လေယာဉ်များအတွက် ငွေကြေးပံ့ပိုးသည်ဆိုသည့် အစီအစဉ်အပေါ် အမေရိကန် ကာကွယ်ပြောဆို

By The Print
22 November 2022
ပါကစ္စတန်၏ F-16 တိုက်လေယာဉ်များအတွက် ငွေကြေးပံ့ပိုးသည်ဆိုသည့် အစီအစဉ်အပေါ် အမေရိကန် ကာကွယ်ပြောဆို

ပါကစ္စတန်၏ F-16 တိုက်လေယာဉ်များအတွက် ငွေကြေးဆိုင်ရာအကူအညီ ပေးအပ်ခဲ့သည်ဆိုသော မေးခွန်းနှင့်ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဇက်ဒ် တာရာက ခုခံကာကွယ်ပြောဆိုသွားခဲ့ရာတွင် အဆိုပါ အကူအညီသည် နှစ်နိုင်ငံအကြား သဘောတူစာချုပ်၏ တစိတ်တဒေသသာဖြစ်ပြီး ငွေကြေးအကူအညီ ပေးအပ်ခြင်း မဟုတ်ကြောင်း ပြောသည်။

ပါကစ္စတန်၏ တိုက်လေယာဉ်များသည် နှစ် ၃၀ ကြာ သက်တမ်းရှိနေပြီ ဖြစ်ပြီး အပိုပစ္စည်းများသည် ယခင်ကာလ သဘောတူညီချက်၏ တစိတ်တဒေသဖြစ်ကြောင်း ဇက်ဒ် တာရာက ဘာလီကျွန်းတွင် ANI နှင့် တွေ့ဆုံစဉ် အလေးပေးပြောသည်။

“ဒါက ငွေရေးကြေးရေး အကူအညီတော့ မဟုတ်ပါဘူး။ ဒီလေယာဉ်တွေက နှစ် ၃၀ ကြာ သက်တမ်းရှိနေပါပြီ။ အပိုပစ္စည်းတွေဟာလည်း တူညီတဲ့ စာချုပ်ထဲမှာ ပါနေပါတယ်” ဟု ဇက်ဒ် တာရာက ပြောသည်။

အမေရိကန်အစိုးရသည် ပါကစ္စတန်အတွက် F-16 တိုက်လေယာဉ်များနှင့်ပတ်သက်ပြီး ဒေါ်လာ သန်း ၄၅၀ တန်ဖိုးရှိ ပြုပြင်ထိန်းသိမ်းမှုနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချပေးမှု အစီအစဉ်တစ်ရပ်ကို အတည်ပြုခဲ့ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ယခု ထုတ်ပြန်ချက် ထွက်ရှိလာခြင်းဖြစ်သည်။

ပါကစ္စတန်အစိုးရသည် ပါကစ္စတန်လေတပ်၏ F-16 တိုက်လေယာဉ်များအတွက် ပြုပြင်ထိန်းသိမ်းခြင်းနှင့် ထောက်ကူရေး အစီအစဉ်များ ရရှိနိုင်ရေး ပန်ကြားထားခဲ့ကြောင်း အမေရိကန် စစ်ဘက် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ (DSCA) က ပြီးခဲ့သည့် စက်တင်ဘာလက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly