အွန်လိုင်းမှတ်ချက်များကို ထိန်းချုပ်ရန် စည်းမျဉ်းများကို တရုတ်အစိုးရ ပြန်လည် ပြင်ဆင်မည်

အွန်လိုင်းမှတ်ချက်များကို ထိန်းချုပ်ရန် စည်းမျဉ်းများကို တရုတ်အစိုးရ ပြန်လည် ပြင်ဆင်မည်

အင်တာနက်အသုံးပြုများ၏ စာမျက်နှာများပေါ်ရှိ ထင်မြင်ချက်များအား အွန်လိုင်းနှင့် လူမှုမီဒီယာကုမ္ပဏီ များက ပြန်လည်သုံးသပ်ခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ ခိုင်မာအားကောင်းစေရေးအတွက် အွန်လိုင်းနှင့် လူမှုမီဒီယာ အကောင့်များ၏ စည်းမျဉ်းများကို ပြန်လည်ပြင်ဆင်မည်ဖြစ်ကြောင်း တရုတ်အွန်လိုင်းစည်းကမ်း ထိန်းသိမ်း ရေးအဖွဲ့က နိုဝင်ဘာ ၁၆ရက်တွင် ပြောကြားလိုက်သည်။

တရုတ်အွန်လိုင်းစီမံခန့်ခွဲမှုအဖွဲ့ (CAC) က လူမှုမီဒီယာကုမ္ပဏီများသည် မှတ်ချက်များကို ပြန်လည်သုံးသပ် ရန် ယင်းတို့၏စနစ်များကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်သင့်ကြောင်း၊ တရားမဝင်နှင့် မလိုလားအပ်သော အချက်အလက်များကို စည်းကမ်းထိန်းသိမ်းရေးအဖွဲ့သို့ သတင်းပို့ရမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြ ထားသည်။

နောက်ဆက်တွဲမှတ်ချက်များအတွက် ဝန်ဆောင်မှုပေးသည့် အများပြည်သူသုံး အကောင့်ဖွင့်ခွင့်ပေးသည့် ကုမ္ပဏီများနှင့် လူမှုမီဒီယာကုမ္ပဏီများသည် အဆိုပါမှတ်ချက်များရေးသားသည့် အကောင့်အသုံးပြုသူများ၏ ယုံကြည်စိတ်ချရမှုကို အကဲဖြတ်ရန်၊ စီမံခန့်ခွဲမှုဆိုင်ရာ အခွင့်အရေးများကို ကျိုးကြောင်းဆီလျော်စွာ သတ်မှတ်ရန်နှင့် နည်းပညာဆိုင်ရာ ပံ့ပိုးမှုများကို ပေးရန်လိုအပ်မည်ဖြစ်သည်။

စည်းကမ်းဖောက်ဖျက်မှုအတွက် ပြစ်ဒဏ်များကို စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ဖော်ပြမထားပေ။

ဇွန်လတွင် သတိပေးချက်များထုတ်ပြန်ခြင်း သို့မဟုတ် ပို့စ်များကိုဖျက်ခြင်း၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ထံ အချိန်မီ တိုင်ကြားရန်ကဲ့သို့သော "တရားမဝင်သော သို့မဟုတ် ဆိုးရွားသောအကြောင်းအရာ" များကို ဖြန့်ဝေသည့် အများပြည်သူအကောင့်ပိုင်ရှင်များကို အရေးယူရန် လူမှုမီဒီယာကုမ္ပဏီများအား တိုက်တွန်း ထားပြီး လက်ရှိ စည်းမျဉ်းများအပြင် စည်းမျဉ်းများထပ်မံထည့်သွင်းရန် CAC က အဆိုပြုခဲ့သည်။

မူလစည်းမျဉ်းကို ၂၀၁၇ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည်။

တရုတ်အာဏာပိုင်များသည် အင်တာနက်မူဝါဒများကို တင်းကျပ်ထားပြီး ဆွေးနွေးရမည့်အကြောင်းအရာများကို ကန့်သတ်ထားချိန်တွင် ယခုကဲ့သို့ ကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

WeChat နှင့် Weibo ကဲ့သို့သော လူမှုမီဒီယာများသည် ပို့စ်များနှင့် မှတ်ချက်များကို ပုံမှန်ပိတ်ဆို့ခြင်း သို့မဟုတ် ဖျက်ပစ်ခြင်းများပြုလုပ်ခဲ့သည်။

တည်ဆဲနည်းဥပဒေများ ပြင်ဆင်ချက်သည် ဒီဇင်ဘာ ၁၅ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required