PDF များမှ အိမ်ပြောင်းရွှေ့သည့် မိသားစုများအား ဓါးပြတိုက်ကြောင်း ဝါဒဖြန့် သတင်းတု

PDF များမှ အိမ်ပြောင်းရွှေ့သည့် မိသားစုများအား ဓါးပြတိုက်ကြောင်း ဝါဒဖြန့် သတင်းတု

နိုဝင်ဘာ ၂၁

မဇ္ဈိမ ။ ။ PDF ရန်ကို ကြောက်၍ အိမ်ပြောင်းရွှေ့သည့် မိသားစုများအား PDF များမှ လမ်းတွင် စောင့်ဆိုင်းကာ ဓါးပြတိုက်သည်ဆိုသောသတင်းကို စစ်ကောင်စီဝါဒဖြန့်မီဒီယာများမှ ဖြန့်ဝေနေသည်။ ၎င်းမှာ မှားယွင်းနေသည်။

စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်ဖြစ်သည့် မှိုင်းဝေ ချန်နယ်မှ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ပုံတစ်ပုံနှင့်အတူ "PDF ရန်ကိုကြောက်လို အိမ်ပြောင်းရွေ့သည့် မိသားစုများအား PDFများမှ လမ်းကြောင်းတွင်စောင့်ဆိုင်းကာဓားပြတိုက် ရွှေ ၂၅ ကျပ်သားနှင့် ငွေသား သိန်း၇ဝ ခန့် ပါသွားကြောင်းနှင့် ယာဥ်မောင်း ကိုခိုင်မင်းကိုလည်း သေနတ်ဒင်နှင့် ထုရိုက်သွားသည့်အတွက် ဦးခေါင်း ၅ ချက်ချုပ် မျက်နှာဖူးယောင် ဒဏ်ရာ ရရှိခဲ့" ဟု (မူရင်း အရေးအသားအတိုင်း) ရေးသားထားသည်။
အဆိုပါသတင်းအား မှိုင်းဝေတယ်လီဂရမ်ချန်နယ်အပြင် အခြားသော တယ်လီဂရမ်ချန်နယ် ၁၇ ခုမှလည်း ပြန်လည်မျှဝေထားသည်ကို တွေ့ရသည်။

မဇ္ဈိမ၏ အချက်အလက်စစ်ဆေးသူများမှ စစ်ဆေးခဲ့ရာ သတင်းတုတွင် အသုံးပြုထားသော ပုံမှာ Khin U Local Guerrilla Force ဖေ့ဘုတ်ပေ့ချ် မှ မေလ ၁ ၇က်နေ့ ကတည်းက ဖော်ပြထားသည်ကိုတွေ့ရသည်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်နှင့်ခင်ဦးမြို့နယ်အစပ်တွင် ဖြတ်သန်းသွားလာနေသောယာဉ်များအား KUGF နှင့် နတ်ဆိုးပျောက်ကျား (ပ.က.ဖ)/ ၅/မဟူရာကျွဲရိုင်း တို့ ပူးပေါင်းကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည့် ပုံဖြစ်သည်။ လင့် − t.ly/rfa0

သတင်းတု၏ ရေးသားချက်တွင် မည်သည့်နေရာ မည့်သည့်အချိန်ကို အတိအကျ ဖော်ပြထားခြင်းမရှိချေ။

ထို့ကြောင့် PDF များ ဓါးပြတိုက်သည် ဆိုခြင်းမှာ မဟုတ်မှန်ဘဲ ပုံဟောင်းကို အသုံးပြု၍ လုပ်ကြံဖန်တီးထားသည့် သတင်းတုသာ ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟု သံသယရှိသည့် အချက် အလက်များ၊ သတင်းဆောင်းပါးများ၊ သတင်းမှားများကို ယခုလင့်သို့ - https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

#Misinformation_Buster
#Fake_News

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly