“ဖက်စစ်ယန္တရားဖြိုဖျက် ပြည်သူ့ယန္တရားတည်ဆောက်” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

“ဖက်စစ်ယန္တရားဖြိုဖျက် ပြည်သူ့ယန္တရားတည်ဆောက်” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

နိုဝင်ဘာ ၂၁

မဇ္စျိမ ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ရက်ပေါင်း ၆၂၀ ရက်မြောက်အဖြစ် ယနေ့နိုဝင်ဘာလ ၂၁ရက်နေ့တွင် ချီတက်ဆန္ဒပြကြသည်။

လူထုသပိတ်စစ်ကြောင်းသည်တောင်ယာလုပ်သားများနှင့်အတူ “ဖက်စစ်ယန္တရား ဖြိုဖျက် ပြည်သူ့ယန္တရားတည်ဆောက်” စာတန်းကို ကိုင်စွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေးခဲ့ကြကာ ကျဆုံးခဲ့ရသော အာဇာနည် ရဲဘော် အပေါင်းအား အလေးပြုခဲ့ကြသည်။

ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#စစ်ကိုင်းတိုင်း

#ယင်းမာပင်မြို့နယ်

#ရွာပေါင်စုံသပိတ်

#ချီတက်ဆန္ဒပြ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly