နယ်သာလန်လေတပ်ရှိ သားဖြစ်ထံ အလည်သွားသည့် ဝီဂါ မိခင်ကို တရုတ်က ထောင်ဒဏ် ၁၅ နှစ် ချမှတ်

နယ်သာလန်လေတပ်ရှိ သားဖြစ်ထံ အလည်သွားသည့် ဝီဂါ မိခင်ကို တရုတ်က ထောင်ဒဏ် ၁၅ နှစ် ချမှတ်

တရုတ်အာဏာပိုင်များသည် ဒတ်ခ်ျလေတပ်အဖွဲ့ဝင် ဝီဂါမျိုးနွယ်စုဝင်တစ်ဦး၏ မိခင်နှင့် ခယ်မအား အကြမ်းဖက်ဝါဒကို ပံ့ပိုးကူညီမှုနှင့် နိုင်ငံတော်လျှို့ဝှက်ချက်များ ဖွင့်ဟမှုတို့ဖြင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့ကြောင်း RFA က ဖော်ပြသည်။

ထိုဖြစ်ရပ်များသည် နိုင်ငံရပ်ခြားရှိဆွေမျိုးများဆီ သွားရောက်ခြင်း သို့မဟုတ် ဆက်သွယ်ခြင်းအတွက် တိုင်းရင်းသားလူနည်းစုဝင်များကို ပြင်းထန်စွာ အပြစ်ပေးခြင်း၏ နောက်ထပ်ဖြစ်ရပ်တစ်ခုဖြစ်သည်။

နယ်သာလန်နိုင်ငံသား ဗိုလ်ကြီး မူနာဒင်ဂျာဒီကာသည် ၂၀၀၆ ခုနှစ်ကတည်းက နယ်သာလန်တွင် နေထိုင်ခဲ့ သည်။ မိခင်က ၎င်း၏မင်္ဂလာပွဲကို တက်ရောက်ရန် ၂၀၁၄ ခုနှစ်တွင် လာရောက်လည်ပတ်ခဲ့ကြောင်း မူနာဒင်ဂျာဒီကာက RFA သို့ ပြောကြားခဲ့သည်။

မူနာဒင်ဂျာဒီကာသည် ၂၀၁၆ ခုနှစ်တွင် နယ်သာလန်တော်ဝင်လေတပ်သို့ဝင်ရောက်ခဲ့ပြီး ထိုနှစ်တွင်ပင် မိခင် အီမန်နမ်နက်ရူလာနှင့် ခယ်မ အိုင်ဟန်မီမက်တို့နှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်ဟု ဆိုသည်။

မူနာဒင်ဂျာဒီကာသည် အမေရိကန်တွင် တာဝန်ကျစဉ် ၂၀၁၈ ခုနှစ်က ခယ်မဖြစ်သူသည် ၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် WeChat မှဆက်သွယ်လာခဲ့သည်။ တရုတ်အာဏာပိုင်များသည် သူမနှင့် မူနာဒင်ဂျာဒီကာ၏မိခင်အား ဖမ်းဆီးပြီး ထိန်းသိမ်းရေးစခန်းသို့ ပို့ခဲ့ကြောင်း ခယ်မက မူနာဒင်ဂျာဒီကာအား ပြောပြခဲ့သည်။

မိခင်အကြောင်း အသိပေးသည့် ခယ်မဖြစ်သူမှာလည်း ဖမ်းဆီးခံရကြောင်း ၂၀၁၉ ခုနှစ်တွင် မူနာဒင်ဂျာဒီကာက သိရှိခဲ့သည်။

နယ်သာလန်အစိုးရက တရုတ်သံရုံးသို့ ဆက်သွယ်ခဲ့ရာ မူနာဒင်ဂျာဒီကာ၏ မိခင်နှင့် ခယ်မမှာ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံထားရကြောင်း ၂၀၂၁ ခုနှစ် ဇူလိုင်တွင် ကြားသိခဲ့ရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly