တရုတ်သမ္မတနှင့် ကနေဒါဝန်ကြီးချုပ်တို့ စကားအခြေအတင်ဖြစ်ခဲ့ကြသည့် ဗီဒီယိုမှတ်တမ်းထွက်ပေါ်လာ

By ANI
20 November 2022
တရုတ်သမ္မတနှင့် ကနေဒါဝန်ကြီးချုပ်တို့ စကားအခြေအတင်ဖြစ်ခဲ့ကြသည့် ဗီဒီယိုမှတ်တမ်းထွက်ပေါ်လာ

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒူးတို့ ဘာလီ၌ ကျင်းပသည့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေး၏ သီးခြားတွေ့ဆုံမှုတွင် ရှီကျင့်ဖျင်က နှစ်နိုင်ငံကြား ဆက်ဆံရေးနှင့် ပတ်သက်၍ မီဒီယာများ၏ ဖော်ပြချက်ကို ကန့်ကွက်ရာမှ အပြန်အလှန် အငြင်းပွားပုံကို ကနေဒါအခြေစိုက် ဂျာနယ်လစ်တစ်ဦး အွန်လိုင်းပေါ်သို့ တင်လိုက်တွင် ဗီဒီယိုတစ်ခုတွင် တွေ့မြင်ရသည်။

ဗီဒီယိုတွင် ရှီသည် ကနေဒါသတင်းဌာနသို့ ပေါက်ကြားနေသည့် တရုတ်နှင့် ကနေဒါကြား ဆွေးနွေးပွဲများ နှင့်ပတ်သက်၍ မကျေမနပ်ဖြစ်နေကြောင်း တွေ့ရသည်။

၎င်းတို့ ၂ ဦးသည် နိုဝင်ဘာ ၁၅ရက် အစောပိုင်း က ထိပ်သီးစည်းဝေးပွဲ၏ ပူးတွဲအစည်းအဝေးတွင် တွေ့ဆုံခဲ့ကြသည်။

နိုဝင်ဘာ ၁၅ရက် ဂျီ-၂၀ တွင် တရုတ်သမ္မတရှီကျင့်ဖျင်နှင့် ကနေဒါဝန်ကြီးချုပ်တို့ အခြေ အတင် စကားပြောဆိုမှုကို Cdn Pool cam က ဖမ်းယူရရှိခဲ့သည်။ နိုဝင်ဘာ ၁၄ရက်က ဆွေးနွေးသည့် အရာအားလုံးသည် သတင်း ပေါက်ကြားသွားသည့်အတွက် မကျေနပ်ကြောင်း ရှီက ဖော်ပြခဲ့သည်။ ယင်းသည် စကားစမြည် ပြောဆိုနေပုံမျိုးမဟုတ်ကြောင်း” ကနေဒါသတင်းဌာန CTV National News မှ ဘာဂါရွန်အိုလီဘာက တွစ်တာ တွင် ရေးသားဖော်ပြချက်များနှင့် အတူ သူမက ဗီဒီယိုဖိုင်ကို တင်ခဲ့သည်။

စကားပြန်က တစ်ဆင့် ရှီက "ငါတို့ ဆုံးဖြတ်ထားတာလုံး သတင်းစာကို ပေါက်ကြားတာ လုံးဝမဖြစ်သင့်ပါဘူး။ ခင်ဗျားဘက်က ရိုးသားမှုရှိတယ်ဆိုရင် ဆွေးနွေးမှုတွေက ဒီလိုမျိုးလုပ်ရတာမျိုးမဟုတ်ဘူး။"

နှစ်နိုင်ငံ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြောင်းနှင့် သဘောမတူသည့် ကိစ္စများလည်း ရှိလိမ့်မည်ဖြစ်ကြောင်း ကနေဒါဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

" အပြုသဘောဆောင်တဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ ဆက်လုပ်သွားပါမယ်၊ ဒါပေမယ့် ကျွန်တော်တို့ သဘောမ တူတာတွေ အများကြီးရှိမှာပါ" ဟု ထရူးဒူးက ပြောကြားခဲ့သည်။

ဗီဒီယိုတွင် ရှီကျင့်ဖျင်က "အခြေအနေတွေကို အရင်ဖန်တီးရအောင်" ဟု ပြောပြီး အဆုံးသတ်လိုက်သည်။

ခဏတာ စကားပြောဆိုပြီးနောက် ခေါင်းဆောင် ၂ ဦး လက်ဆွဲနှုတ်ဆက်ကြသည်။

ယခုသီတင်းပတ် အင်ဒိုနီးရှားတွင် ကျင်းပသည့် ဂျီ-၂၀ အစည်းအဝေး၏ ပူးတွဲအစည်းအဝေးတွင် ရှီနှင့် ခဏတာဆွေးနွေးမှုအတွင်း ကနေဒါတွင် တရုတ်၏ စွက်ဖက်မှု စွပ်စွဲချက်များနှင့် ပတ်သက်၍ “အလွန် စိုးရိမ် ကြောင်း” ကို ထရူးဒူးက ထုတ်ဖော်ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required