တရုတ်က ပိုင်နက်မြေကျူးကျော်မှု ပိုမိုဆိုးရွားလာခြင်းအပေါ် နီပေါအစိုးရ ကိုင်တွယ်ဆောင်ရွက်မှုကို ပြန်လည်သုံးသပ်ရန်လို

တရုတ်က ပိုင်နက်မြေကျူးကျော်မှု ပိုမိုဆိုးရွားလာခြင်းအပေါ် နီပေါအစိုးရ ကိုင်တွယ်ဆောင်ရွက်မှုကို ပြန်လည်သုံးသပ်ရန်လို

နီပေါအနေဖြင့် နိုင်ငံပိုင်အနက်အတွင်း တရုတ်က နယ်မြေကျူးကျော်မှုများ ပိုမိုလုပ်ဆောင်လာခြင်းအပေါ် ဆက်လက်မသိကျိုးကျွန်ပြုမနေဘဲ စနစ်တကျ စစ်ဆေး ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ကြောင်း The Singapore Times သတင်းစာက နီပေါသတင်းစာ Himalayan Times တွင် ဖော်ပြထားသည့် ဆောင်းပါးအား ကိုးကား၍ ဖော်ပြထားသည်။

နီပေါပိုင်နက်၏ နယ်နမိတ်ကာရံမထားသည့် ခရိုင်အတွင်း မွေးမြူရေးလုပ်ငန်းတစ်ခုအတွက် တိရစ္ဆာန် ဆေးကုသရေးစင်တာတစ်ခုကို တရုတ်စစ်တပ်က လာရောက် ဆောက်လုပ်ထားသလို ၂၀၁၆ ခုနှစ် အတွင်းက အဆောက်အဦတစ်ခု ဝင်ရောက်တည်ဆောက်မှုတွင်လည်း တရုတ်ပါဝင်ခဲ့သည်။

နီပေါမြောက်ပိုင်း နယ်စပ်တစ်လျှောက်ရှိ နေရာ၁၀ ခုတွင် တရုတ်က မြေ ၃၆ ဟက်တာကို ကျူးကျော်ထားကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် သုတေသနစစ်တမ်းတွင် ဖော်ပြထားသည်။

တရုတ်၏ နယ်မြေကျူးကျော်မှုသတင်းများ မကြာခဏ ထွက်ပေါ်ခဲ့သော်လည်း အခြေအမြစ်မရှိသော ကောလဟလများအပေါ် အခြေခံသည့် အသရေဖျက်မှုများသာဖြစ်ကြောင်း တရုတ်က တုန့်ပြန် ကန့်ကွက်ခဲ့သည်။

အဆိုပါ သတင်းများအပေါ် နီပေါတာဝန်ရှိသူများက ကန့်ကွက်သလို သံတမန်ဆက်ဆံရေးအရ နှုတ်ဆိတ်နေကြောင်း The Singapore Post သတင်းစာတွင် ဖော်ပြထားသည်။

နီပေါတွင် အစိုးရပြောင်းလဲသွားသော်လည်း ယင်းကိစ္စကို ဆက်လက်နှုတ်ဆိတ်နေကြောင်း၊ တရုတ်အစိုးရနှင့် ရင်းနှီးမှုရှိသော နီပေါကွန်မြူနစ်ပါတီနှင့် နီပေါကွန်ဂရက်တို့ကြောင့် ယခုကဲ့သို့ ဖြစ်ရကြောင်း The Singapore Post က ဆက်လက်ဖော်ပြထားသည်။

နီပေါအစိုးရနှင့် နီပေါမီဒီယာတို့က အဆိုပါ နယ်နမိတ် ပြဿနာများကို ဘေးဖယ်ထားကြကြောင်းလည်း အဆိုပါ ဆောင်းပါးတွင် ရေးသားထားသည်။

အဆိုပါကိစ္စအား နီပေါအစိုးရက အလေးမထားခြင်းသည် လွှတ်တော်၏ လုပ်ငန်းစဉ်နှင့် နိုင်ငံ၏ လွတ်လပ်စွာ ထုတ်ဖော်ခွင့်အား ထိခိုက်စေကြောင်း The Singapore Post သတင်းစာက ဖော်ပြခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly