ထိုင်ဝမ် NGO များက ဝီဂါလွတ်လပ်ရေးကို ထောက်ခံကြောင်း ပြောကြား

ထိုင်ဝမ် NGO များက ဝီဂါလွတ်လပ်ရေးကို ထောက်ခံကြောင်း ပြောကြား

ထိုင်ဝမ် NGO အများအပြားက ဝီဂါများ၏ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခု တည်ဆောက်ရန် ကြိုးပမ်းမှုကို ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး လူနည်းစုဝီဂါများအား တရုတ်၏ ဖိနှိပ်မှုကို ဆန့်ကျင်ရန် အခြား သူများကို တိုက်တွန်းတောင်းဆိုခဲ့ကြောင်း Focus Taiwan သတင်းတွင် ဖော်ပြထားသည်။

“ထိုင်ဝမ်မှာရှိတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေအနေနဲ့ အရှေ့တာကစ္စတန်သမ္မတနိုင်ငံထူထောင်တဲ့ နှစ်ပတ် လည်နေ့မှာ ဝီဂါတွေအတွက် တတ်နိုင်သမျှ ဟောပြောဖို့ပါပဲ" ဟု အခမ်းအနားတစ်ခုတွင် ထိုင်ဝမ်လူ့အခွင့် အရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဆစ်ယိဆန်းက ပြောကြားခဲ့သည်။

ထိုင်ဝမ်အရှေ့တာကစ္စတန်အဖွဲ့၏ ဥက္ကဋ္ဌ ဖြစ်သည့် ဟိုချောင် တန်က အရှေ့တာကစ္စတန်လွတ်လပ်ရေးနေ့တွင် ထိုင်ဝမ်ဥပဒေပြုလွှတ်တော်၏ အပြင်ဘက်တွင် အခမ်းအနားတစ်ခုကျင်းပခဲ့သည်။

ဝီဂါလူမျိုးများသည် ၁၉၄၉ ခုနှစ်တွင် အရှေ့တာကစ္စတန်ကို တရုတ်စစ်တပ် ကျူးကျော်ဝင်ရောက်ပြီး အချုပ် အခြာအာဏာဆုံးရှုံးပြီးကတည်းက အခြေခံအကျဆုံး လူ့အခွင့်အရေးများပင် ဆုံးရှုံးခဲ့ရကြောင်း အဆိုပါ အခမ်း အနားတွင် ၎င်းက ပြောကြားခဲ့သည်။

ဝီဂါများသည် လွတ်လပ်သော အရှေ့တာကစ္စတန်နိုင်ငံ ထူထောင်ရန်နှစ်ပေါင်းများစွာ ရုန်းကန်နေရသည်။

၁၉၃၃ခုနှစ်တွင် ဝီဂါများသည် အရှေ့တာကစ္စတန်သမ္မတနိုင်ငံကို ထူထောင်အောင်မြင်ခဲ့သော်လည်း ခဏသာ ခံခဲ့သည်။

ထို့နောက် ၁၉၄၄ခုနှစ်တွင် အရှေ့တာကစ္စတန်သမ္မတနိုင်ငံကို ထပ်မံတည်ထောင်ခဲ့ကြသော်လည်း ယင်းသည် အချိန်ကာလ မကြာရှည်ခဲ့ကြောင်း Focus Taiwan က ဖော်ပြခဲ့သည်။

ရှင်ကျန်းရှိ ဝီဂါများကို ကွန်မြူနစ်ပါတီ၏ ဖိနှိပ်ချုပ်ချယ်မှုမှာ ဟန်တရုတ်ယဉ်ကျေးမှုနှင့် လိုက်လျောညီထွေဖြစ် အောင်တွန်းအားပေးရန် ရည်ရွယ်ခြင်းဖြစ်ပြီး ယင်းက တရုတ်အစိုးရအပေါ် ဝီဂါများ၏ မယုံကြည်မှုကို ဖြစ်ပေါ် စေကြောင်း ဟိုက ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly