တရုတ်ကုန်းရေနှစ်သွယ် တိုက်ခိုက်ရေးသင်္ဘောသစ် လက်တွေ့တိုက်ပွဲဝင်သည့်ပုံစံ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်

By SCMP
18 November 2022
တရုတ်ကုန်းရေနှစ်သွယ် တိုက်ခိုက်ရေးသင်္ဘောသစ် လက်တွေ့တိုက်ပွဲဝင်သည့်ပုံစံ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်

ကုန်းရေနှစ်သွယ်သုံးတိုက်ခိုက်ရေးသင်္ဘော Anhui သည် ပင်လယ်ပြင်၌ ပြုလုပ်ခဲ့သည့် လက်တွေ့ တိုက်ပွဲဝင်သည့်ပုံစံ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ခဲ့ကြောင်း တရုတ်ရေတပ်က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါသင်္ဘောသည် တရုတ်ရေတပ်တွင် ပါဝင်သည့် တတိယမြောက် Type 075 စစ်သင်္ဘော ဖြစ်သည်။

ရေတပ်၏ တရားဝင် Weibo လူမှုမီဒီယာအကောင့်တွင် နိုဝင်ဘာ ၁၀ရက်က တင်ထားသော ဗီဒီယိုတစ်ခုတွင် Anhui ၏ "လက်တွေ့တိုက်ပွဲဝင်သည့်ပုံစံ" လေ့ကျင့်မှုကို ပြသခဲ့သည်။

အဆိုပါ ဗီဒီယိုတွင် စစ်သင်္ဘော၏ သင်္ဘောကိုယ်ထည် နံပါတ် ၃၃ ကို ဖော်ပြခဲ့သော်လည်း မည်သည့် နေရာတွင် သို့မဟုတ် မည်သည့်အချိန်တွင် စစ်ရေးလေ့ကျင့်ခဲ့သည်ကို မဖော်ပြထားပေ။

ကုန်းရေနှစ်သွယ်တိုက်ခိုက်ရေးသင်္ဘော၏ တိုက်ခိုက်ရေးအဆင်သင့်ဖြစ်မှုနှင့် စစ်ပွဲတိုက်ခိုက်ရေးစွမ်းရည်များကို အပြည့်အဝအဆင့်မြှင့်တင်နေသည်ဟု ဆိုသည်။

Anhui စတင်တာဝန်ထမ်းဆောင်ခြင်းက တရုတ်ရေတပ်တွင် ၂၀၂၁ခုနှစ်ဧပြီနောက်ပိုင်းတွင် တန်ချိန် လေးသောင်းအလေးချိန်ရှိ ရဟတ်ယာဉ် သက်ဆင်းနိုင်သည့် ကုန်းပတ်ပါသည့် သင်္ဘော ၃ စင်းထိ ရှိလာပြီဖြစ်သည်။ အခြား Type 075 အမျိုးအစား သင်္ဘော ၂ စင်းမှာ ဟို Hainan နှင့် Guangxi တို့ ဖြစ်သည်။

အမေရိကန်တွင် ၂၀ဝ၉ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း တန်ချိန် ၄၀,ဝဝဝ ရှိသော ကုန်းရေနှစ်သွယ်သုံး တိုက် ခိုက်ရေး သင်္ဘောထုတ်လုပ်ရန် အချိန် ၁၁ နှစ်ကြာခဲ့ပြီး၊ အမေရိကန်တွင် Wasp-class ၁ စင်းနှင့် America-class ၂ စင်းတို့ရှိသည်။

Type 075 သည် တာဝန်ထမ်းဆောင်ဆဲ အကြီးဆုံးကုန်းရေနှစ်သွယ်တိုက်ခိုက်ရေး သင်္ဘောဖြစ်သည်။ ယင်းတွင် ရဟတ်ယာဉ် ၆ စင်း ပျံသန်းနိုင်သည့် ကုန်းပတ်ရှည်ရှိပြီး ရေငုပ်သင်္ဘော တိုက်ခိုက်ရေး၊ ကြိုတင်သတိပေးမှုစနစ်၊ တိုက်ခိုက်ရေးနှင့် အခြားလုပ်ငန်းတာဝန်များအတွက် ရဟတ်ယာဉ် အစင်း ၃၀ အထိ တင်ဆောင်နိုင်သည်။

စစ်သင်္ဘောသည် ပင်မတိုက်ပွဲဝင်တင့်ကား ၁၀ စီး၊ သံချပ်ကာကားအစီးရေ ၂၀ နှင့် ခရီးကြမ်းသုံး ထရပ်ကား အစီးရေ ၅၀ တို့ကိုလည်း သယ်ဆောင်နိုင်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required