iPhone စက်ရုံ၌ အလုပ်ဆင်းရန် တရုတ်က စစ်မှုထမ်းဟောင်းများကို တိုက်တွန်း

iPhone စက်ရုံ၌ အလုပ်ဆင်းရန် တရုတ်က စစ်မှုထမ်းဟောင်းများကို တိုက်တွန်း

တရုတ်နိုင်ငံ ကျန်းကျိုးမြို့ရှိ ကမ္ဘာ့အကြီးဆုံး iPhone စက်ရုံတွင် ထုတ်လုပ်မှုအရှိန်မြှင့်တင်ရန် အငြိမ်းစား စစ်ဘက်ဝန်ထမ်းများ လိုအပ်လျက်ရှိသည်။

ကိုဗစ်ဖြစ်ပွားမှုကြောင့် ထိခိုက်မှုရှိခဲ့သည့် Foxconn စက်ရုံရှိရာပြည်နယ်ရှိ တရုတ်စစ်တပ် စစ်မှုထမ်းဟောင်း ရေးရာဗျူရိုမှ ထိုသို့ကမ်းလှမ်းလိုက်ခြင်းဖြစ်သည်။

စစ်မှုထမ်းဟောင်းများသည် ကွန်မြူနစ်ပါတီ၏ ကွပ်ကဲမှုအောက်တွင် အမြဲရှိနေကြပြီး လိုအပ်သည့်နေရာသို့ ရောက်လာသင့်ကြောင်း ဗျူရို၏ WeChat အကောင့်တွင် တင်ထားသည်။

အစိုးရ၏ခေါ်ဆိုမှုကို ပြန်လည်အကြောင်းပြန်ရန်နှင့် ထုတ်လုပ်မှုပြန်လည်စတင်ခြင်းတွင် ပါဝင်ရန် တိုက်တွန်းထားသည်။ Foxconn သည် ထိုင်ဝမ်တွင် ရုံးချုပ်တည်ရှိပြီး တရုတ်နိုင်ငံတွင် စက်ရုံများစွာရှိသည်။

လူဦးရေ ၁၀ သန်းခန့်ရှိသော ကျန်းကျိုးမြို့ရှိ Foxconn စက်ရုံတွင် အလုပ်သမား ၂၀၀ ၀၀၀ ကျော်ရှိပြီး တစ်နေ့လျှင် iPhone အလုံးရေ ၅၀၀ ၀၀၀ ခန့်ထုတ်လုပ်ကာ တစ်ကမ္ဘာလုံးထုတ်လုပ်မှုအရေအတွက်၏ ၇၀ ရာခိုင်နှုန်းရှိသည်။

ယခုနှစ်အစောပိုင်းတွင် တရုတ်နိုင်ငံ၌ ကိုဗစ်ကူးစက်မှုကြောင့် Foxconn စက်ရုံအချို့ကို ယာယီ ပိတ်ထားခဲ့ရသည်။ ထုတ်လုပ်မှုအရှိန်မပျက်စေရန် ၂၀၂၂ ခုနှစ် အစောပိုင်းကတည်းက ကျန်ကျိုး စက်ရုံရှိဝန်ထမ်းများကို သီးသန့်ထားရှိသည်။

ရောဂါကူးစက်ခံရသော ဝန်ထမ်းများကို သီးခြားခွဲထားသည့် စင်တာများသို့ ပို့ဆောင်သော်လည်း အလုပ်သမားများအား ကူးစက်မှုကို မတားဆီးနိုင်ခဲ့ပေ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required