ရာသီဥတုပျက်စီးမှုအတွက် တရုတ်က လျော်ကြေးငွေပေးသင့်ဟု ဂျာမနီဝန်ကြီး ပြောကြား

ရာသီဥတုပျက်စီးမှုအတွက် တရုတ်က လျော်ကြေးငွေပေးသင့်ဟု ဂျာမနီဝန်ကြီး ပြောကြား

ရာသီဥတုကြောင့်ဖြစ်ရသော သဘာဝဘေးအန္တရာယ်သင့် နိုင်ငံများအတွက် လျော်ကြေးငွေ ပေးဆပ်ရာတွင် တရုတ်ကဲ့သို့ နိုင်ငံများသည် ပိုမိုပါဝင်သင့်ကြောင်း ဂျာမနီဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဆဗန်ဂျာရှော့ဇီက ရုပ်သံလွှင့်ဌာန Bayerischer Rundfunk သို့ နိုဝင်ဘာ ၁၈ ရက်က ပြောကြားခဲ့သည်။

"လက်ရှိ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုမှာ တရုတ်က ၂၈ ရာခိုင်နှုန်းပါဝင်ပါတယ်။ ဒါကြောင့် ပျက်စီးထိခိုက်မှုအတွက် ဖြေရှင်းရာမှာ အဲဒီနိုင်ငံတွေလည်း ပါဝင်ရပါမယ်" ဟု ရှော့ဇီက Bayerischer Rundfunk နှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောကြားခဲ့သည်။

"သူတို့တွေက ဖွံ့ဖြိုးဆဲနိုင်ငံဆိုတဲ့အချက်ရဲ့ နောက်ကွယ်မှာ အမြဲ နောက်ချန်နေကြတယ်။ ဒါပေမယ့် တကယ်တမ်းပြောရရင် သူတို့ဟာ ဖွံ့ဖြိုးဆဲနိုင်ငံမဟုတ်တော့ပါဘူး" ရှော့ဇီက ဆိုသည်။

ရာသီဥတုကြောင့်ဖြစ်ရသော ဘေးအန္တရာယ်သင့်နိုင်ငံများအတွက် ငွေကြေးထောက်ပံ့မှုဆိုင်ရာ ကိုင်တွယ်ရ ခက်သော သောင်မတင်ရေမကျအနေအထားကို ဖြေရှင်းရန် ရည်ရွယ်သည့် နောက်ကျနေပြီဖြစ်သော ဥရောပ သမဂ္ဂအဆိုပြုချက်တစ်ရပ်ကို ရာသီဥတုညှိနှိုင်းဆွေးနွေးသူများက နိုဝင်ဘာ ၁၈ ရက်တွင် ချင့်ချိန် ဆွေးနွေးခဲ့ကြကာ နောက်ဆုံးသဘောတူညီချက်တစ်ခု ရရှိရန် အီဂျစ်တွင် ကျင်းပနေသည့် ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေး၌ တိုက်တွန်းလျက်ရှိသည်။

အီးယူ၏အဆိုပြုချက်မှာ ထိခိုက်မှုအခံရဆုံးသောနိုင်ငံများ၏ ဆုံးရှုံးမှုနှင့် ပျက်စီးမှုကို ကာမိစေရေးအတွက် အထူးရန်ပုံငွေ ထူထောင်မည်ဖြစ်ပြီး များများစားစားလှူနိုင်သူများထံမှ ထောက်ပံ့ငွေရယူမည်ဟု ဆိုသည်။

မဖြစ်မနေ လျော်ကြေးငွေပေးချေမှုများနှင့် ပတ်သက်၍ အီဂျစ်တွင်တွင် ကျင်းပသော ရာသီဥတုညီလာခံ၌ ဆက်လက်ညှိနှိုင်းနေဆဲဖြစ်ပြီး ရှော့ဇီက "ဒီနေ့ ဒါကို နိဂုံးချုပ်နိုင်မယ်လို့ မထင်ပါဘူး။ ထပ်ဆွေးနွေးဖို့ လိုပါသေးတယ်” ဆိုသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required