မြ၀တီမြို့ရှိ နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းများ၏ အလုပ်အကိုင်ကမ်းလှမ်းမှု

မြ၀တီမြို့ရှိ နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းများ၏ အလုပ်အကိုင်ကမ်းလှမ်းမှု

မြ၀တီမြို့ရှိ နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းများ၏ အလုပ်အကိုင်ကမ်းလှမ်းမှုမှသည် သားကောင်ဖြစ်ခဲ့ရသော အိန္ဒိယနိုင်ငံသား ၃၈ ဦးကို ယနေ့တွင် အိန္ဒိယနိုင်ငံသို့ပြန်ပို့ပေးနိုင်ခဲ့ကြောင်း ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံးက ထုတ်ပြန်ကြေညာသည်။

၎င်းတို့သည် ရန်ကုန်မှ ကာလကတ္တားသို့ထွက်ခွာပြီး ထိုမှတဆင့် သက်ဆိုင်ရာဒေသများသို့ခရီးဆက်ကြမည်ဖြစ်သည်။

ယခုအထိ အိန္ဒိယနိုင်ငံသား စုစုပေါင်း ၁၆၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့ပြီးဖြစ်သော်လည်း နောက်ထပ် နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းများ၏သားကောင်ဖြစ်ခဲ့ရသူများ အဖမ်းခံရနေစဲဖြစ်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required