“ကျောင်းသားထုအားဖြင့် စစ်ကျွန်ပညာရေးကို မြေမြှုပ်ကြ” ရွာပေါင်းစုံ သပိတ်စစ်ကြောင်းဆက်လက်ချီတက်

“ကျောင်းသားထုအားဖြင့် စစ်ကျွန်ပညာရေးကို မြေမြှုပ်ကြ” ရွာပေါင်းစုံ သပိတ်စစ်ကြောင်းဆက်လက်ချီတက်

(မဇ္စျိမ) ။    ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးအား နိုဝင်ဘာ ၁၆ရက် ယနေ့တွင် ဆက်လက်ချီတက်ခဲ့ကြသည်။ 

လူထုသပိတ်စစ်ကြောင်းသည် “ကျောင်းသားထုအားဖြင့် စစ်ကျွန်ပညာရေးကို မြေမြှုပ်ကြ”  စာတန်းကို ကိုင်စွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြကာ ကျဆုံးခဲ့ရသော အာဇာနည် ရဲဘော် အပေါင်းအား အလေးပြုခဲ့ကြသည်။ 

ယနေ့ချီတက်မှုသည် ရွာပေါင်းစုံသပိတ်စစ်ကြောင်း ၏ ၆၁၅ရက်နေ့မြောက်အဖြစ် ချီတက်ခြင်းဖြစ်ကြောင်းသိရသည်။ 

ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

#mizzima
#လူထုသပိတ်စစ်ကြောင်း
#ယင်းမာပင်မြို့နယ်
#ဆားလင်းကြီးမြို့နယ်
#စစ်ကျွန်ပညာရေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required