သုံးစွဲသူ ၁၇,၀၀၀ ကျော်ရှိပြီး လည်ပတ်ငွေ ကျပ်သန်းပေါင်း ၄,၅၀၀ ရှိနေပြီဟု NUG Pay ထုတ်ပြန်

သုံးစွဲသူ ၁၇,၀၀၀ ကျော်ရှိပြီး လည်ပတ်ငွေ ကျပ်သန်းပေါင်း ၄,၅၀၀ ရှိနေပြီဟု NUG Pay ထုတ်ပြန်

မဇ္ဈိမ။ ။သုံးစွဲသူ ၁၇,၀၀၀ ကျော်ရှိပြီး လည်ပတ်ငွေ ကျပ်သန်းပေါင်း ၄,၅၀၀ ရှိနေကြောင်း NUG Pay က ထုတ်ပြန်သည်။

“NUG Pay စတင်ခဲ့ချိန်မှ ယခုအထိ အင်အားအပြည့်ဖြင့်ဝန်းရံပေးခဲ့မှုကြောင့် NUG Pay ၏ အောင်မြင်မှု မှတ်တိုင်များအားမြင်တွေ့လာရပါသည်။ ပြည်သူများ၏ခွန်အားဖြင့် NUG Pay သည် ပန်းတိုင်ဖြစ်သော အာဏာရှင်စနစ်ပျက်သုဉ်းသည်အထိမမှိတ်မသုန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကတိပြုပါသည်” ဟု NUG Pay ကဆိုသည်။

နွေဦးတော်လှန်ရေးနှင့်အတူပေါက်ဖွားလာသည့် NUG Pay မှာ မြန်မာပြည်၏ Blockchain နည်းပညာသုံး ဒစ်ဂျစ်တယ်ငွေကြေးတစ်မျိုးဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG) စီမံကိန်းဘဏ္ဍာရေးနှင့်ရင်းနှီး မြှုပ်နှံမှုဝန်ကြီးဌာနက ဦးဆောင်လုပ်ကိုင်နေခြင်းဖြစ်သည်။

NUG Pay ကို မြန်မာအပါအဝင် ဒေသ ၁၀ ခုတွင်လည်ပတ်နေပြီး ထုတ်ပြန်ကြေညာခြင်းမပြုသေးသည့် ဒေသနှစ်ခုတွင် စမ်းသပ်လည်ပတ်လျက်ရှိသည်။

သုံးစွဲသူပေါင်း ၁၇,၇၀၃ ဦးရေရှိသည့် NUG Pay ကို ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် စမ်းသပ်လည်ပတ်ခဲ့ပြီး ၈၄ ရက်အကြာတွင် သုံးစွဲသူ ၁၀,၀၀၀ ပြည့်မီခဲ့သည်။

NUG Pay ဖြင့် NUG ကရောင်းချသည့် ငွေတိုက်စာချုပ်များ၊ နွေဦးထီ၊ EOD အစရှိသည်များကို ဝယ်ယူ နိုင်သည့်အပြင် NUG အစိုးရထံ အခွန်ဆောင်ခြင်း၊ PDF အဖွဲ့များကို ထောက်ပံ့ခြင်းများပြုလုပ်နိုင်သည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required