တရုတ် - ကိုရီးယားရုပ်ရှင် “My New Sassy Girl” ဇာတ်ကားကို တရုတ်နိုင်ငံရှိ ရုပ်ရှင်ရုံများ၌ ဧပြီ ၂၂ ရက်တွင် ပြသသွားမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက ထုတ်ပြန်သည်။
ဒါရိုက်တာ Cho Geun-shik သည် မကြာသေးမီက အရောင်းမြှင့်တင်ရေးပွဲအတွက် ပေကျင်း မြို့သို့ လေယာဉ်ဖြင့် သွားရောက်ခဲ့ပြီး ရုပ်ရှင်ထုတ်လွှင့်ပြသမှုနှင့် စပ်လျဉ်း၍ ပြည်တွင်း မီဒီယာများကို ကြေညာခဲ့သည်။
၂၀၀၈ ခုနှစ်က ရိုက်ကူးခဲ့သော “My New Sassy Girl” မူရင်းဇာတ်ကားတွင် မင်းသမီး ဂျန်ဂျီ ဟွန်းနှင့် မင်းသားကြီး ချာထယ်ယွန်းတို့က ပါဝင် သရုပ်ဆောင်ထားသည်။ ချာသည် “My New Sassy Girl” ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ခဲ့သော်လည်း ဂျန်၏ နေရာတွင် အမျိုးသမီး အဆိုတော်အဖွဲ့ f(x) မှ အဖွဲ့ဝင် ဗစ်တိုရီးယားက သရုပ်ဆောင်ခဲ့သည်။
အဆိုပါ ဇာတ်ကားတွင် ဗစ်တိုရီးယားက မူလတန်းကျောင်းတွင် ချာ၏ ပထမဆုံးချစ်ရသူအဖြစ် သရုပ်ဆောင်ထားကြောင်းနှင့် သူမသည် ဘာသာစကား ညံံ့ဖျင်းမှုကြောင့် မကြာခဏဆိုသလို အနိုင် ကျင့်ခံရသည်။ ချာနှင့် ဗစ်တိုရီးယားတို့သည် အရွယ်ရောက်လာသော အချိန်တွင် ပြန်လည်တွေ့ဆုံခဲ့ပြီး နောက်တစ်ကြိမ် ၎င်းတို့၏ အချစ်ဇာတ်လမ်းကို ပြန်လည် အသက်သွင်းခဲ့ကြသည်။
ကိုရီးယားနှင့် တရုတ်နိုင်ငံတို့ ပူးပေါင်း ရိုက်ကူးထားသော အဆိုပါ ဇာတ်ကားကို ကိုရီးယား နိုင်ငံ ဘူဆန်တွင် စက်တင်ဘာလက စတင် ထုတ်လုပ်ခဲ့သည်။