ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း ဘာကြောင့် ပစ်ခတ်ခံရတာလဲ

By Daily Hunt
14 November 2022
ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း ဘာကြောင့် ပစ်ခတ်ခံရတာလဲ

ပါကစ္စတန်နိုင်ငံတွင် ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းကို ပန်ဂျပ်ပြည်နယ်ရှိ လူထုစည်းဝေးပွဲတစ်ခုအတွင်း လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှု ဖြစ်စဉ်တစ်ခု ပေါ်ပေါက်ပြီးနောက် ယခုအခါ အဆိုပါနိုင်ငံတွင် နိုင်ငံရေးအရ ပုတ်ခတ်ပြောဆိုမှုများ စတင်ပေါ်ပေါက်နေခဲ့သည်။

အီမရန် ခန်းက သူ့ကို တိုက်ခိုက်လုပ်ကြံရန် ကြိုးပမ်းမှုအတွက် လက်ရှိ ညွန့်ပေါင်းအစိုးရနှင့် စစ်တပ်တို့အပေါ် အပြစ်ပုံချသည်။

“အာဏာသိမ်းမှုတွေ ဒါမှမဟုတ် နိုင်ငံရေး မသမာမှုတွေကနေတဆင့် စစ်တပ်က ဖြုတ်ချလို့ မရတဲ့အခါကျရင် သတ်ပစ်တဲ့ နည်းလမ်းကို သုံးတော့တာပါပဲ။ ဒီနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ လီယာကွတ် အလီ ခန်းကနေ စပြီး ဇူလ်ဖီကာ အလီ ဘူတိုနဲ့ ဘန်နီဇာ ဘူတို တို့ အထိပေါ့” ဟု ခန်းက အစ္စရေး သတင်းစာတစ်စောင်အတွက် ရေးသားရင်း ထုတ်ဖော်ပြောဆိုသည်။

ခရစ်ကက်ကစားသမားဟောင်းဖြစ်ခဲ့ဖူးသည့် ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ခန်းကို လုပ်ကြံရန် ကြိုးပမ်းခဲ့သူဟု သံသယရှိသူက ဝန်ခံထွက်ဆိုထားသည်ဆိုသော ဗီဒီယိုတစ်ခု လူမှုမီဒီယာတွင် ပေါ်ထွက်ခဲ့သည်။ “ခန်း က ပြည်သူတွေကို လမ်းမှားရောက်အောင် လုပ်နေခဲ့တာပါ။ ဒါကို ကျွန်တော် ဘယ်လိုမှ သည်းမခံနိုင်ပါဘူး။ ဝတ်ပြုဆုတောင်းမှုတွေ လုပ်နေချိန်မှာ သူတို့တွေဟာ စပီကာတွေနဲ့ ဆူညံနေခဲ့ကြတယ်။ ဒါမျိုးကို ကျွန်တော့်စိတ်ထဲမှာ ဘယ်လိုမှ လက်မခံနိုင်ခဲ့ပါဘူး” ဟု အဆိုပါ ဗီဒီယိုတွင် သံသယရှိသူက ပြောသည်။

“သူတို့ (အီမရန် ခန်း အစိုးရ) တုန်းက အစ္စရေးကို လက်ခံအသိအမှတ်ပြုခဲ့ပါတယ်။ အစ္စရေးကို လက်ခံတာက မွတ်စလင်နိုင်ငံတစ်နိုင်ငံက လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စ မဟုတ်ပါဘူး။ ကာဖိရ် (kafir) တစ်ဦးဟာ အခြား ကာဖိရ်တစ်ဦးနဲ့ပဲ မိတ်ဆွေ ဖြစ်နိုင်ပြီး သူတို့ရဲ့ နံဘေးမှာ ကာဖိရ်တွေပဲ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်တို့ရဲ့ တမန်တော် မိုဟာမက်က ပြောဟောခဲ့ပါတယ်” ဟု ပစ်ခတ်သူက ပြောကြောင်း အစ္စရေး သတင်းဌာနတစ်ခုဖြစ်သည့် Haaretz က ဖော်ပြသည်။ အစ္စရေးကို လက်ခံခြင်းက အီမရန် ခန်းကို သေနတ်သမားက တိုက်ခိုက်ရခြင်း၏ အကြောင်းရင်းဖြစ်သည်ဟု Haaretz က ကိုးကားဖော်ပြသည်။

အီမရန် ခန်းသည် နိုင်ငံရေးအကျိုးအမြတ်အတွက် အကြမ်းဖက်မှုကို အခရာဖြစ်စေခဲ့ခြင်းနှင့် သူ့အား လုပ်ကြံရန် ကြိုးပမ်းမှုအတွက် အရင်းခံ ဖြစ်စေခဲ့သည်ဆိုသည့် သေနတ်သမား စွပ်စွဲသော အကြောင်းတရား အများအပြား အတွက် တက်ကြွစွာ လှည့်လည်ဆွယ်တရားဟောခဲ့သူ ဖြစ်ကြောင်း ပါကစ္စတန်အခြေစိုက် ဂျာနယ်လစ် ခွန်ဝါ ရှာဟစ်ဒ်က ပြောသည်။

ခန်းသည် နိုင်ငံရေး အကျိုးအမြတ်များအတွက် အငြိုးအာဃာတထားသော ဇာတ်လမ်းများကို ထောက်ခံသည့် ပထမဆုံး ပါကစ္စတန်ခေါင်းဆောင်တော့ မဟုတ်နိုင်ကြောင်း ရှာဟစ်ဒ်က ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly