စစ်ဘေးရှောင်ပြည်သူများကို PPDF မှ စားနပ်ရိက္ခာများ သွားရောက်ထောက်ပံ့ကူညီ

စစ်ဘေးရှောင်ပြည်သူများကို PPDF မှ စားနပ်ရိက္ခာများ သွားရောက်ထောက်ပံ့ကူညီ

နိုဝင်ဘာလ ၁၃ ရက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ နေအိမ်မီးရှို့ဖျက်ဆီးခြင်းခံရ သည့်စစ်ဘေးရှောင်ပြည်သူများအား စားနပ်ရိက္ခာများ သွားရောက်ထောက်ပံ့ကူညီခဲ့ကြောင်း ပခုက္ကူမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)မှ နိုဝင်ဘာလ ၁၂ ရက်နေ့က မှတ်တမ်းဓာတ်ပုံများထုတ်ပြန် ထားသည်။

“ကျွန်တော်တို့ ရွာသုံးရွာစာ လုံလောက်အောင်လှူဒါန်းနိုင်ခဲ့ပါတယ်ဗျ။ လှူခဲ့တဲ့ပစ္စည်းတွေကတော့ ဆန်၊ ဆီ၊ ဟင်းသီးဟင်းရွက်အချို့ပါ။ စစ်ရှောင်စခန်းကလူတွေရဲ့အခက်အခဲကတော့ အဓိက ကတော့ ပြန်လည် ထူထောင်ရေးအတွက် လိုအပ်တာပေါ့။ အိမ်ခြေပျက်စီးမှုအခြေအနေပေါ်မူတည်ပြီး နေစရာ ပြန်ဆောက်ဖို့ ရန်ပုံငွေသဘောမျိုး ဖန်တီးချင်တာရှိမယ်” ဟု ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ (PPDF) တာဝန်ရှိသူတစ်ဦးမှ မဇ္ဈိမကို ပြောသည်။

ပခုက္ကူမြို့နယ် စစ်ဘေးရှောင်ပြည်သူများအား လှူဒါန်းနိုင်ရန် ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ(PPDF)၏ လူမှုကွန်ရက်စာမျက်နှာသို့ ဆက်သွယ်ကာလှူဒါန်းနိုင်သကဲ့သို့ ပခုက္ကူမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ Page မှလည်း လှူဒါန်းနိုင်ကြောင်း ၎င်းတာဝန်ရှိသူမှ ဆိုသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly