ကိုဗစ်စည်းမျဉ်းကြောင့် တရုတ်အာဏာပိုင်များနှင့် ဒေသခံများ ထိပ်တိုက်တွေ့

ကိုဗစ်စည်းမျဉ်းကြောင့် တရုတ်အာဏာပိုင်များနှင့် ဒေသခံများ ထိပ်တိုက်တွေ့

ကိုဗစ်-၁၉ ပိတ်ဆို့ကန့်သတ်မှုများအတင်းအကျပ်ပြဋ္ဌာန်းသဖြင့် ဒေသခံများနှင့် အာဏာပိုင်များအကြား ပဋိပက္ခဖြစ်ပွားမှုကြောင့် လူ ၇ ဦးကို ဖမ်းဆီးထားကြောင်း တရုတ်အရှေ့မြောက်ပိုင်းရှိ ရဲတပ်ဖွဲ့က ပြောကြား လိုက်သည်။

ကွမ်ကျိုးမြို့၏ တောင်ပိုင်းကုန်ထုတ်လုပ်မှုနှင့် နည်းပညာအချက်အချာနေရာတွင် နိုဝင်ဘာ ၈ရက်တွင် ကူးစက် မှုအသစ်ပေါင်း ၂၂၃၀ ကို ဖော်ပြပြီးနောက် အကြမ်းဖက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ကူးစက်မှု နည်းပါးနေသော်လည်း တရုတ်က တင်းကျပ်သော "ကိုဗစ်လုံးဝကင်းစင်ရေး" မူဝါဒကို တင်းကျပ်စွာ ကျင့်သုံးနေပြီ ပိတ်ဆို့ကန့်သတ်ခြင်းနှင့် နေ့စဉ် သို့မဟုတ် နေ့စဉ်နီးပါး စမ်းသပ်ခြင်းများကို မဆုတ်မနစ် လုပ်ဆောင်ခဲ့သည်။

ရှန်တုန်ပြည်နယ်၊ လင်ယိမြို့ ရဲဌာန၏ သတင်းထုတ်ပြန်ချက်အရ “နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးကာကွယ်မှု ဥပဒေဆိုင်ရာအခွင့်အရေးများကို တရားမဝင် ချိုးဖောက်သူများအား အရေးယူမည်” ဟု ဖော်ပြခဲ့သည်။

ကပ်ရောဂါ တိုက်ဖျက်ရေး ဆောင်ရွက်ချက်များသည် နိုင်ငံတစ်ဝန်းတွင် ပြင်းထန်သော တုံ့ပြန်မှုများကို ဖြစ်ပေါ်စေခဲ့ပြီး ကွန်မြူနစ်ပါတီအာဏာပိုင်များအတွက် ရှားရှားပါးပါး စိန်ခေါ်မှုတစ်ရပ် ဖြစ်လာခဲ့သည်။

ပဋိပက္ခအပြီတွင် မည်သူဖမ်းဆီးခံရသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ နိုဝင်ဘာ ၈ရက် နံနက်တွင် လူမှုကွန်ရက်ပေါ်တွင် ဖမ်းဆီးခံရသည့်သတင်းများ ထွက်ပေါ်ခဲ့သော်လည်း မွန်းတည့်မတိုင်မီ ဖျက်ပစ်ခဲ့သည်။

ကျန်ကမ္ဘာ့နိုင်ငံအများစုက နိုင်ငံများကို ဖွင့်လိုက်သော်လည်း တရုတ်က ပြုပြင်ပြောင်းလဲမှု အနည်းငယ်သာ ပြုလုပ်ခဲ့ပြီး ယင်း၏ နယ်နိမိတ်များကို အတင်း အကျပ်ပိတ်ထားဆဲဖြစ်ကာ ကန့်သတ်ပိတ်ဆို့မှုများကို ပြုလုပ်ရန် အာဏာပိုင်များကို အတင်းအကျပ် ဖိအားပေးထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required