သတင်းပေးဆိုသည့် မြေတိုင်းစာရေး ပစ်သတ်ခံရ

သတင်းပေးဆိုသည့် မြေတိုင်းစာရေး ပစ်သတ်ခံရ

နိုဝင်ဘာလ ၁၂ ရက်

မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်၊မြို့သာတွင် နာမည်ကြီးနေသည့် စစ်ကောင်စီသတင်းပေး ​မြေတိုင်းစာရေး ခင်မောင်သန်း နိုင်ဝင်ဘာ ၁၂ရက်၊နံနက် ၁၀နာရီကျော်က သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

​ပစ်သတ်ခံရသူသည် မြေတိုင်းစာရေးတစ်ဦးဖြစ်ပြီး မြေပွဲစား လုပ်ကိုင်နေသူလည်း ဖြစ်သည်။၎င်းသည် ​တော်လှန်ရေးအငိအားစု PDF စခန်းတည်နေရာများကိုစစ်ကောင်စီထံ သတင်းပေး​ပြီး ဆုကြေးငွေ ရရှိထားသူ ဖြစ်သည်။

ထိုသို့ လုပ်ဆောင်နေသည်ကို အခိုင်အမာ သတင်းရရှိခဲ့၍ ဇာမဏီပြောက်ကျားတပ်ဖွဲ့နှင့် အတူ Myitnge - People Defence Force မန္တလေးခရိုင်၊ အမှတ် ( ၅ ) တပ်ရင်းတို့ ပူးပေါင်းပြီး ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့ သတင်းထုတ်ပြန်ထားသည်။

"ရွှေတောင် မြေတိုင်းစာရေး ခင်မောင်သန်းသည် ဂျပန်ဒို(DT ဆိုင်ကယ်)စီးလာစဥ် ကျွနု်ပ်တို့ ညီနောင်ပြောက်ကျားတပ်ဖွဲ့မှ ခြုံခိုတိုက်ခိုက်လိုက်သော ကြောင့်

​ဆိုင်ကယ်ပေါ်ကနေ တလံလောက် အဝေးသို့ လွင့်စင်ပြီး ငရဲပြည်သို့ သက်ဆင်းသွားခဲ့သည်။"ဟု ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly