မြောက်ဥက္ကလာပမြို့နယ်(ည)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီး ပေါက်ကွဲမှုဖြစ်

မြောက်ဥက္ကလာပမြို့နယ်(ည)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီး ပေါက်ကွဲမှုဖြစ်

နိုဝင်ဘာလ ၁၂ ရက်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (ည)ရပ်ကွက်၊ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးတွင် နိုဝင်ဘာလ၁၂ရက်နေ့ နေ့လည် ၁၂နာရီအချိန်ခန့်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါပေါက်ကွဲမှုကြောင့် ရုံးအရှေ့ပိုင်းအနည်းငယ်ထိခိုက်မှုရှိပြီး လူထိခိုက်မှုမရှိခဲ့ကြောင်း North Okkalapa Information အဖွဲ့မှ သိရသည်။

"လူထိခိုက်တာမရှိပါဘူး၊ ရုံးရှေ့ပိုင်းတော့ ပျက်စီးမှုရှိတယ်၊ အနည်းငယ်ပါ၊စစ်ကောင်စီက တစ်ခါတစ်လေ လာတာမျိုးရှိပါတယ်၊ တပ်စွဲပြီးနေတာတော့ မရှိပါဘူး"ဟု North Okkalapa Information ကပြောသည်။

ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီကား တစ်စီးနှင့်ရဲကား နှစ်စီးတို့ ကင်းလှည့်သည့်သဘောဖြင့် (ည)ရပ်ကွက်အတွင်း ကင်းလှည့်ခဲ့ပြီး ရုံးအားသီးသန့်စစ်ဆေးမှု လုပ်ဆောင်ခဲ့ခြင်းမရှိဘဲ ယင်းလုပ်ဆောင်မှုအား မည်သည့်အဖွဲ့ကလုပ်ဆောင်ခဲ့သည်ကို မသိရသေးပေ။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly