မင်္ဂလာတောင်ညွန့် မြို့နယ်၌ ငွေလဲလှယ်သည့် Money Changer ဓားပြတိုက်ခံရ

မင်္ဂလာတောင်ညွန့် မြို့နယ်၌ ငွေလဲလှယ်သည့် Money Changer ဓားပြတိုက်ခံရ

နိုဝင်ဘာလ ၁၂ ရက်

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့် မြို့နယ်တွင် ယနေ့ ညနေ ၃ နာရီက ငွေလဲလှယ်သည့် Ye Min Aung - Money Changer ကို လူတစ်စုက ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"အဲ့ဒီ ငွေလဲလှယ်တဲ့ နေရာဟာ သိမ်ဖြူလမ်းပေါ် သိမ်ဖြူစာတိုက်မှတ်တိုင်နားမှာတည်ရှိပြီး အိမ်စီးကား နှစ်စီးနဲ့ သေနတ် နှစ်ချက်ဖောက်ပြီး ဓားပြတိုက်သွားတာ" ဟု မျက်မြင်တွေ့ရှိသူက ဆိုသည်။

ငွေကြေးတန်ဖိုး မည်မျှပါသွားသည်ကို မဇ္စျိမ သတင်းဌာန အနေဖြင့် အတည်ပြုမရသေးသလို ယင်းငွေလဲလုပ်ငန်းကို ဆက်သွယ်မေးမြန်းရာတွင် ပြန်လည်ဆက်သွယ်မည်ဟုသာ ဆိုသည်။။

လက်ရှိ ဓားပြတိုက်ခံရသည့် ဆိုင်ရှေ့တွင် အာဏာသိမ်းစစ်တပ်က စစ်ဆေးမှုများ ရှိနေေသာကြောင့် ကားလမ်းများ ပိတ်နေကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly