ရေဦးမြို့ ဆီသာမြေကျေးရွာအား စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ကိုယ်ပိုင်အထက်တန်းကျောင်းပိုင်ရှင် အပါအဝင် ၃ဦးသေဆုံး

ရေဦးမြို့ ဆီသာမြေကျေးရွာအား စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ကိုယ်ပိုင်အထက်တန်းကျောင်းပိုင်ရှင် အပါအဝင် ၃ဦးသေဆုံး

နိုဝင်ဘာလ ၁၂ ရက်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ဆီသာမြေကျေးရွာအားစစ်ကောင်စီမှ နိုဝင်ဘာလ ၁၁ရက်နေ့ မနက်၁၀နာရီအချိန်ခန့်တွင် Mi35 သုံးစီး၊ ထောက်ပို့ယာဥ် နှစ်စီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီမှတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ ဝင်ရောက်ပစ်ခတ်ခြင်းဖြစ်တယ်လို့သိရပြီး စစ်ကောင်စီ၏ပစ်ခတ်မှုကြောင့် အားမာန်သစ်ကိုယ်ပိုင်အထက်တန်းကျောင်းပိုင်ရှင်အပါအဝင် သုံးဦးသေဆုံးခဲ့ကြောင်းသိရသည်။

"ကျွန်တော်တို့ကြားထားတာတော့ သုံးယောက်သေတယ်လို့ကြားထားတယ်ဗျ၊ အတိအကျ​တော့မသိရသေးဘူး၊ ကျန်တဲ့နှစ်ယောက်ကတော့ မီးရှို့သတ်ခံရတယ် ပြောတယ်၊ အလောင်းကတော့ ပြန်ရတယ်"ဟု YE U Urban Guerrilla အဖွဲ့တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီ ရဟတ်ယာဥ်နှစ်စီးပေါ်မှ အင်အား ၁၀၀ ခန့်ချထားကာ ဆီသာမြေကျေးရွာမှ လှည်းတွန်းကျေးရွာဘက်သို့ ထွက်ခွာသွားကြောင်း သိရပြီး ဆီသာမြေကျေးရွာမှာ ရေဦးမြို့နှင့် ခုနစ်မိုင်နီးပါး ဝေးကွာတယ်လို့ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly