စစ်တွေမြို့ပေါ်တွင် တက္ကသိုလ်ကျောင်းသားများအပါအဝင် လူငယ်တချို့ကို စစ်ကောင်စီဖမ်းဆီး

စစ်တွေမြို့ပေါ်တွင် တက္ကသိုလ်ကျောင်းသားများအပါအဝင် လူငယ်တချို့ကို စစ်ကောင်စီဖမ်းဆီး

နိုဝင်ဘာလ ၁၂ ရက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဂန္ဓာရုံဘုန်းတော်ကြီးကျောင်းတွင် နေထိုင်သည့် လူငယ်တချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ရဲများက ဖမ်းဆီးခေါ်ဆောင် သွားကြောင်းသိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၁ရက်နေ့ ညပိုင်းတွင် ကင်းလှည့်နေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီလက်အောက်ခံရဲများသည် ဂန္ဓာရုံ ဘုန်းတော်ကြီးကျောင်း တွင်နေထိုင်သည့် တက္ကသိုလ်ကျောင်းသား ငါးဦးနှင့် ကားဝပ်ရှော့တွင် အလုပ် လုပ်ကိုင်နေသည့် လူငယ်တစ်ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

“ မနေ့ညက သူတို့အိပ်ခါနီးမှာ ဝင်ဖမ်းသွားတာလို့ပြောတယ်။ သူတို့က တက္ကသိုလ် ကျောင်းသားတွေပါ။ ကျောင်းပြီးတော့ စစ်တွေမှာ အလုပ်ရှာသူကရှာ၊ အလုပ်လုပ်တဲ့သူ ကလုပ်၊ သင်တန်းတက်တဲ့သူတက် နေကြတာပါ။ ဘာကြောင့်ဖမ်းသွားတယ်ဆိုတာ တော့မသိရဘူး" ဟု ဂန္ဓာရုံ ဘုန်းတော်ကြီးကျောင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ မြက်သောက်ကျေးရွာမှ မောင်ဗိုလ်အောင်ခင်၊ မောင်စိုးမင်း၊မောင်အောင်လင်းစိုး၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပဲစိနန်းကျေးရွာမှ မောင်အောင် ငြိမ်း၊ မောင်ဇော်လှိုင်ဦးနှင့် ကျောက်တော်မြို့နယ်၊ ခွဆုံကျေးရွာမှ မောင်ကံစိုးတို့ဖြစ် ကြောင်း သိရသည်။

မောင်ဗိုလ်အောင်ခင်၊မောင်စိုးမင်း၊မောင်အောင်လင်းစိုး၊မောင်အောင်ငြိမ်း၊မောင်ဇော်လှိုင်ဦးတို့မှာ တက္ကသိုလ်ကျောင်းသားများဖြစ်ကြပြီး မောင်ကံစိုးမှာ ကားဝပ်ရှော့တွင် အလုပ် လုပ်ကိုင်နေသူဖြစ်ကာ မည်သည့်အတွက်ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရှိရ ကြောင်း နီးစပ်သူ တစ်ဦးက ဆိုသည်။

ယခုကဲ့သို့ လူငယ် ခြောက်ဦးအား ဖမ်းဆီးခံရသည့်အတွက် မိသားစုဝင်များက စိုးရိမ်လျက်ရှိကြောင်း ဖမ်းဆီးခံထားရသည့် ကျောင်းသားတစ်ဦး၏ မိခင်ထံက သိရသည်။

“ ဘာအပြစ်မှမရှိတဲ့ ကျွန်မသားလေးကိုပြန်လွှတ်ပေးစေချင်ပါတယ်။သူက သူ့အလုပ်ကို လုပ်ပြီး ကျောင်းတက်နေတဲ့ကလေးလေးပါ။ ဘာအပြစ်အနာအဆာမှမရှိတဲ့ သားလေး ကိုကျွန်မတို့က ကိုယ့်ရင်ခွင်ထဲကိုပြန်ထည့်ထားချင်ပါတယ်။ ကလေးတွေ အကုန်လုံးကို ပြန်လွှတ်ပေးစေချင်ပါတယ်။ ကျွန်မတို့လာတွေ့ချင်ပါတယ်။ အခုကလမ်းပိတ်ထားတော့ လာလို့လည်းမရဘူး။ အရမ်းစိတ်ပူပါတယ်”ဟု မိခင်တစ်ဦးကပြောသည်။

လက်ရှိအချိန်တွင် ဖမ်းဆီးခံထားရသည့်လူငယ် ခြောက်ဦးကို စစ်တွေမြို့၊ အမှတ်(၁) ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်းသိရသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly