ယင်းမာပင်မြို့နယ် စျေး၌ ကျေးလက်သူပုန်အဖွဲ့သားများက လက်ကမ်းစာစောင်များ ဖြန့်ဝေ

By လွှမ်းမိုး
12 November 2022
ယင်းမာပင်မြို့နယ် စျေး၌ ကျေးလက်သူပုန်အဖွဲ့သားများက လက်ကမ်းစာစောင်များ ဖြန့်ဝေ

နိုဝင်ဘာ ၁၂

မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ် နှင့် ယင်းမာပင်မြို့နယ်တို့တွင် လူထုသပိတ်လှုပ်ရှားမှုများ ဆောက်ရွက်နေသည့် ကျေးလက်သူပုန်အဖွဲ့သားများက နိုဝင်ဘာ ၁၁ရက်နေ့တွင် ယင်းမာပင်စျေး နှင့် ကနီမြို့နယ်၏ နေရာဒေသအစုံကို ကျေးလက်သူပုန်မှ ထုတ်ဝေသော စာစဉ်များကို ဖြန့်ဝေခဲ့သည်။

“ ကျနော်တို့ အခုလိုလုပ်နေရတဲ့ ရည်ရွယ်ချက်ကတော့ ပြည်သူလူထု အနေဖြင့် တော်လှန်ရေးအပေါ် မျက်ခြည်ပြတ်မသွားစေရေးကို ရည်ရွယ်တာ ဖြစ်ပါတယ်။ ကျနော်တို့ တော်လှန်ရေးကို ဘယ်အဖွဲ့အစည်းတွေဦးဆောင်နေလဲ ၊ ဘယ်သူတွေ ပါဝင်နေသလဲ ၊ လက်ရှိအနေအထား ဘယ်လိုအခြေအနေ ရှိနေသလဲ ဆိုတဲ့ အကြောင်းအရာတွေကို “ သိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာ ဖြစ်ကြောင်း ကျေးလက်သူပုန် စာစဉ်ထုတ်ဝေသူ တစ်ဦးက ဆိုသည်။

ကျေးလက်သူပုန် အနေဖြင့် စာစဉ်ထုတ်ဝေခြင်း ၊ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်များ နှင့် လူထုဟောပြောစည်းရုံးမှုများကို တတ်စွမ်းသ၍ လုပ်ဆောင်နေသည့် အဖွဲ့တစ်ခုဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ကျေးလက်သူပုန်စာစဉ်

#ကနီမြို့နယ်

#စစ်အာဏာရှင်

#စစ်ကိုင်းတိုင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required