ဒေါ်အောင်ဆန်းစုကြည် ခြံအမှတ်(၅၄)ကိုပြန်ရောက်ပြီဆိုတဲ့ သတင်းအမှား

ဒေါ်အောင်ဆန်းစုကြည် ခြံအမှတ်(၅၄)ကိုပြန်ရောက်ပြီဆိုတဲ့ သတင်းအမှား

နိုဝင်ဘာ ၁၂

မဇ္ဈိမ ။    ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခြံအမှတ်(၅၄)သို့ ပြန်လည်ရောက်ရှိပြီ ဟုဆိုသည့် သတင်းများ လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိနေသည်။ ၎င်းမှာ မှားယွင်းနေသည်။
Rambo new အမည်ရှိဖေ့စ်ဘုတ်စာမျက်နှာမှ “အမေစု ခြံအမှတ်(၅၄)ပြန်ရောက်ပီတဲ့# ကခုန်လို့ရပြီ” ဟူသည့် စာသားနှင့်အတူ ၁၄ မိနစ်ကျော်ကြာသည့် ဗီဒီယိုဖိုင်တစ်ခုအား နိုဝင်ဘာ ၉ ရက်နေ့ကဖြန့်ဝေခဲ့ သည်။ 
ထိုဖိုင်၏မျက်နှာဖုံး(Tambnails)တွင် "အတည်ပြုပြီ မင်းအောင်လှိုင်အမိန့်အတိုင်း အမေစုပြန်လွတ်လာ ပြီတဲ့ ခြံအမှတ်(၅၄)မှာ လူထောင်ချီ ကြိုဆိုနေကြပြီ" ဟု ရေးသားထားသည်။
ထိုဖိုင်ကို ကြည့်ရှုသူ ၆၀၀,၀၀၀ ကျော်ရှိနေပြီဖြစ်ပြီး အလားတူဖိုင်ဖြင့် အခြားပေ့ချ်များမှလည်း မျှဝေကာ ကြည့်ရှုသူများပြားလျက်ရှိနေသည်။ 

မဇ္ဈိမ၏စစ်ဆေးချက်များအရ ယုံကြည်စိတ်ချရသည့် မည်သည့်သတင်းမီဒီယာများတွင်မှ ဒေါ်အောင် ဆန်းစုကြည့် ခြံအမှတ်(၅၄) သို့ပြန်လည်ရောက်ရှိနေကြာင်းနှင့်ပတ်သက်၍ သတင်းတင်ဆက်ထားခြင်း မရှိပေ။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၏အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေတစ်ဦးဖြစ်သည့် ဦးဌေးဝင်းက “ ကျွန်တော်တို့တော့ မကြားမိဘူးဗျ။ ၁၀ ရက်နေ့ကပဲ အမိန့်ချထားတဲ့အမှုတွေနဲ့ ပတ်သက် လို့ ပြည်ထောင်စုတရားလွှတ်တော်မှာပဲ အယူခံဝင်လာတာ” ဟု မဇ္ဈိမသို့ ပြောသည်။
သတင်းတုကိုတင်ဆက်ထားသည့် Rambo News ဆိုသည့် ဖေ့ဘုတ်စာမျက်နှာသည် ယခုနှစ် ဇွန်လကမှ စတင်အသုံးပြုခြင်းဖြစ်ပြီး သတင်းဌာနများ၏ သတင်းတင်ဆက်သူပုံများကိုအသုံးပြုကာ ယခုကဲ့သို့ သတင်းမှား တင်ဆက်ထားခြင်းဖြစ်သည်။ 
ဤဗီဒီယိုတွင်လည်း ဒေါ်အောင်ဆန်းစုကြည်သတင်းအတုနှင့်အတူ အခြားသတင်းများပါဝင်ပြီး ၁၄ မိနစ် ထိ ကြာမြင့်သည့်ဗီဒီယိုဖိုင်တစ်ခုဖြစ်သည်။ 
ထို့ကြောင့် ယခု ပျံ့နှံ့နေသည့် ဒေါ်အောင်ဆန်းစုကြည် ခြံအမှတ် (၅၄) သို့ပြန်လည်ရောက်ရှိနေပြီဆိုသည့် သတင်းသည် လူအများစိတ်ဝင်စားမှုမြင့်တတ်စေသည့် သတင်းခေါင်းစဉ်ဖြင့် ဗီဒီယိုသတင်းများ ဖန်တီးပြီး ဖြန့်ဝေထားသည့် အဆက်အစပ်မှား သတင်းမှားတစ်ခုဖြစ်သည်။ 

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့်အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့်သို့ - https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

#Misinformation_Buster
#Fake_News 
#False_Connection 
#DASSK

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required