စစ်တပ်အကြီးအကဲသစ် ခန့်အပ်မှုကို တားဆီးလို၍ ခရီးဝေးချီတက်ခြင်းဖြစ်ဟု ပါကစ္စတန် PTI ပါတီအကြီးအကဲ ပြောကြား

By The Print
11 November 2022
စစ်တပ်အကြီးအကဲသစ် ခန့်အပ်မှုကို တားဆီးလို၍ ခရီးဝေးချီတက်ခြင်းဖြစ်ဟု ပါကစ္စတန် PTI ပါတီအကြီးအကဲ ပြောကြား

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်း ဦးဆောင်သည့် ခရီးဝေးချီတက်ရခြင်း၏ အဓိက ရည်ရွယ်ချက်က နိုင်ငံတွင် အစိုးရက စစ်တပ်အကြီးအကဲသစ် ခန့်အပ်နိုင်ခြင်း မရှိစေရေး တားဆီးရန်ဖြစ်ကြောင်း ပါကစ္စတန် မွတ်စလင် အဖွဲ့ချုပ်-နာဝက်ဇ် (PML-N) ၏ ဒုဥက္ကဋ္ဌ မာယမ် နာဝက်ဇ်က နိုဝင်ဘာ ၁ ရက်တွင် ပြောသည်။

ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းသည် ပါကစ္စတန် နိုင်ငံရေးတွင် သက်ဆိုင်ပတ်သက်သူတစ်ဦး မဟုတ်တော့ကြောင်းနှင့် စိတ်သဘောထားကွဲလွဲစေပြီး အမုန်းတရား ဖြန့်သည့် ၎င်း၏ အကြံအစည်များဖြင့် ကျရှုံးလိမ့်မည် ဖြစ်ကြောင်း မာယမ် နာဝက်ဇ်က ပြောသည်ဟု Geo News က ဖော်ပြသည်။

ပြစ်မှုကျူးလွန်လိုစိတ်ရှိသည့် လူတစ်ယောက်အနေဖြင့် စိုးစဉ်းမျှ နောင်တမရဘဲ ပြည်သူ့ပိုက်ဆံကို ပေါပေါလောလော သုံးလိမ့်မည် ဖြစ်ကြောင်း မာယမ်က ထပ်မံ ပြောဆိုသည်။

ပြီးခဲ့သည့် တစ်လခန့်အကြာက လန်ဒန်သို့ သွားရောက်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် သူမအနေဖြင့် PTI ပါတီ၏ အစ္စလမ်မာဘတ်သို့ ခရီးဝေး ချီတက်ခြင်း၏ ရည်ရွယ်ချက် အစစ်အမှန်ကို ထုတ်ဖော်ရန် ပြောဆိုခြင်း ဖြစ်ကြောင်း မာယမ် နာဝက်ဇ်က ပြောသည်။

အီမရန် ခန်း ဦးဆောင်သော PTI ပါတီ၏ ခရီးဝေး ချီတက်မှုက နိုင်ငံအကျိုးအတွက် စီစဉ်ခဲ့ခြင်း မဟုတ်ကြောင်းနှင့် ယင်း၏ ရည်ရွယ်ချက်က လက်ရှိ အစိုးရက စစ်တပ်အကြီးအကဲသစ်ကို မခန့်အပ်နိုင်စေရေး တားဆီးရန် ဖြစ်ကြောင်း မာယမ် နာဝက်ဇ်က ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required