ဂျမူးနှင့် ကက်ရှ်မီးယားဒေသမှ တိုက်ခိုက်မှုများသည် နယ်စပ်များမှ ဝင်ရောက်လာသည့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဖြစ်ကြောင်း အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာန အစီရင်ခံစာတွင် ဖော်ပြထား

ဂျမူးနှင့် ကက်ရှ်မီးယားဒေသမှ တိုက်ခိုက်မှုများသည် နယ်စပ်များမှ ဝင်ရောက်လာသည့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဖြစ်ကြောင်း အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာန အစီရင်ခံစာတွင် ဖော်ပြထား

ဂျမူးနှင့် ကက်ရှ်မီးယားဒေသ၌ ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများသည် ဒေသတွင်းရှိ နယ်နမိတ်ထိန်းချုပ်မျဉ်း၊ နိုင်ငံတကာနယ်စပ်တို့မှ ချဉ်းကပ်ဝင်ရောက်လာသည့် အကြမ်းဖက်သမားများကြောင့် ဖြစ်ကြောင်း အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၂၁-၂၀၂၂ နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၃၀ အတွင်း ဂျမူးနှင့် ကက်ရှ်မီးယားဒေသ၌ ခိုးဝင်ရန် ကြိုးပမ်းမှု ၇၃ ကြိမ်နှင့် ဖြတ်ကျော်ဝင်ရောက်မှု ဖြစ်စဉ် ခန့်မှန်းခြေ ၃၄ ကြိမ်တို့ ရှိခဲ့ကြောင်း နိုဝင်ဘာ ၇ ရက်က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၀ ပြည့်နှစ်အတွင်းကလည်း ဂျမူးနှင့် ကက်ရှ်မီးယားဒေသသို့ အကြမ်းဖက်သမားများ ခိုးဝင်ရန် ကြိုးပမ်းမှု စုစုပေါင်း ၉၉ ကြိမ်နှင့် ဖြတ်ကျော်ဝင်ရောက်မှု ခန့်မှန်း ၅၁ ကြိမ်၊ ၂၀၁၉ ခုနှစ်တွင် ခိုးဝင်ရန် ကြိုးပမ်းမှု ၂၁၆ ကြိမ်နှင့် ဖြတ်ကျော်ဝင်ရောက်မှု ခန့်မှန်း ၁၃၈ ကြိမ် အသီးသီးရှိခဲ့ကြောင်းလည်း အစီရင်ခံစာတွင် ပူးတွဲဖော်ပြထားသည်။

ဝင်ရောက်ရန် အများဆုံးကြိုးပမ်းမှုသည် ၂၀၁၇ ခုနှစ်က ဖြစ်ပြီး ဝင်ရောက်ရန် ကြိုးပမ်းမှု ၄၁၉ ကြိမ်နှင့် ဖြတ်ကျော်ခဲ့သည့် ခန့်မှန်းခြေအရေအတွက် ၁၃၆ ကြိမ်ဖြစ်ခဲ့သည်။

ဂျမူးနှင့် ကက်ရှ်မီးယားဒေသ၌ ၂၀၂၁ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှု ၂၂၉ ကြိမ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၄၂ ဦး၊ အရပ်သား ၄၁ ဦးသေဆုံးခဲ့သလို အကြမ်းဖက်သမားစုစုပေါင်း ၁၈၀ သေဆုံးသွားကြောင်းလည်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly