မတ္တရာ ပျူခေါင်းဆောင်အုပ်ကြီး တော်လှန်ရေးကိုအနှောင့်အယှက်ပေးနေ၍ ပစ်သတ်ရှင်းလင်းခံရဟုဆို

မတ္တရာ ပျူခေါင်းဆောင်အုပ်ကြီး တော်လှန်ရေးကိုအနှောင့်အယှက်ပေးနေ၍ ပစ်သတ်ရှင်းလင်းခံရဟုဆို

နိုဝင်ဘာလ ၁၁ ရက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် သရက်တောကျေးရွာအုပ်စု ဗောဓိကျေးရွာက စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ယမန်နေ့က အရက်ဆိုင်ထဲထိုင်နေစဉ် ပစ်သတ်ရှင်းလင်းခံလိုက်ရကြောင်း သတင်းရရှိသည်။

“အရက်ဆိုင်ထဲထိုင်နေတုန်း လူခြောက်ယောက်က၀င်လာပြီး သတ်သွားတာပါ၊ နောက်ဖေးကိုခေါ်သွားပြီး သေနတ်နဲ့ပစ်သတ်သွားတာ” ဟု ဒေသခံတစ်ဦးကပြောသည်။

အသတ်ခံံရသူသည် ပျူစောထီးခေါင်းဆောင်တစ်ဦးဖြစ်ကြောင်းလည်း သိရပြီး၊ ၎င်းအား တော်လှန်ရေးကို အနှောင့်အယှက်ပေးနေသဖြင့် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် အမှတ်(၁၈)တပ်ရင်းက ယနေ့ သတင်းထုတ်ပြန်သည်။

“ပြည်သူများကို အနိုင်ကျင့်နေပြီး၊ စစ်တပ်နှင့်ပေါင်း၍ တော်လှန်ရေးကိုအနှောင့်အယှက်ပေးနေသဖြင့် ၁၀.၁၁. ၂၀၂၂ ရက်နေ့တွင် ကျွန်ုပ်တို့တပ်ရင်းရဲဘော်များက ၎င်းအုပ်ချုပ်ရေးမှူး၏နဖူးကို ငရုပ်သီး(ကျည်ဆန်) သုံးတောင့်ကျွေး၍ လားပင်စင်ပေးလိုက်သည်” ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများနှင့် စစ်တပ်ဒေါက်တိုင် ပျူစောထီးများသည်၊ ပြည်သူကိုသတ်ဖြတ် လုယက် ဓားပြတိုက်နေကြကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly