မူဆယ်တွင် ကလေးငယ် ချော်လဲပြီး အသားကင်တုတ် မျက်လုံးထဲစိုက်ဝင်မှုဖြစ်ပွား

မူဆယ်တွင် ကလေးငယ် ချော်လဲပြီး အသားကင်တုတ် မျက်လုံးထဲစိုက်ဝင်မှုဖြစ်ပွား

နိုဝင်ဘာလ ၁၁ ရက်

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ကလေးငယ်တစ်ဦး ဆော့ကစားရင်း ချော်လဲရာမှ အသားကင်တုတ် မျက်လုံးထဲ စိုက်ဝင်မှုဖြစ်ပွားခဲ့ကြောင်း နှလုံးလှ လူမှုကူညီရေးအသင်း (မူဆယ်) ရှမ်းမြောက်က ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ယမန်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကလေးငယ်အား မူဆယ်မှ လာရှိုးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း အဆိုပါပရဟိတအဖွဲ့က ဆိုသည်။

“တရုတ်ကျောင်းတက်တဲ့ကလေးလေး။ သုံးနှစ် လေးနှစ် ပတ်ချာလည်လောက်ရှိမယ်။ သူက ဒီလို အသားကင်ဝယ်စားရင်းနဲ့ဆော့ကြတာ၊ ဆော့ရင်းနဲ့ သူ့ဟာသူ ချော်လဲပြီးထိုးမိသွားတာ။ မနေ့က လားရှိုးဆေးရုံသွားတာ။ လားရှိုးဆေးရုံက မရဘူးဆိုတော့ မန္တလေးဆေးရုံဆက်သွားတယ်”ဟု ပရဟိတ အဖွဲ့ဝင် တစ်ဦးကပြောသည်။

အသားကင်တုတ်မှာ အဆိုပါ ကလေးငယ်၏ ညာဘက်မျက်လုံးအတွင်းသို့ ခန့်မှန်း တစ်လက်မကျော်ကျော်ခန့် စိုက်ဝင်သွားသည်ဟု ၎င်းက​ပြောသည်။

ဓာတ်ပုံ-နှလုံးလှ လူမှုကူညီ​ရေးအသင်း

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly