တောင်ဥက္ကလာ သစ္စာလမ်းပေါ်ရှိ လက်ဘက်ရည်ဆိုင်အနီး စစ်ကောင်စီအဖွဲ့ဝင် ရောက်ရှိနေသော သတင်းအရ ဖောက်ခွဲမှုပြုလုပ်

တောင်ဥက္ကလာ သစ္စာလမ်းပေါ်ရှိ လက်ဘက်ရည်ဆိုင်အနီး စစ်ကောင်စီအဖွဲ့ဝင် ရောက်ရှိနေသော သတင်းအရ ဖောက်ခွဲမှုပြုလုပ်

နိုဝင်ဘာလ ၁၀ ရက်

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊သစ္စာလမ်းမပေါ်ရှိ လက်ဘက်ရည်ဆိုင်တစ်ခုတွင် စစ်ကောင်စီအရေးပါသူတစ်ဦးရောက်ရှိနေသော သတင်းအရ နိုဝင်ဘာလ ၁၀ ရက်နေ့ညနေ ၅နာရီ ၃၀မိနစ်အချိန်ခန့်တွင် ဖောက်ခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဝေးထိန်းမိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သော်လည်း လူထိခိုက်မှုမရှိခဲ့ဘဲ ၎င်း၏အနက်ရောင် လင်ခရူဆာကားကိုသာ ထိခိုက်ခဲ့ကြောင်း သိရသည်။

"ရာထူးတော့အတိအကျပြောလို့မရဘူး၊ အုပ်ချုပ်ရေးပိုင်းကပဲ၊ ချက်ချင်းဆုံးဖြတ်ပြီးလုပ်လိုက်ရလို့ ကားပဲထိသွားတဲ့သဘောပါ"ဟု God Hand Force အဖွဲ့တာဝန်ရှိသူက ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီမှ DC ကား ငါးစီးနှင့်စစ်ကောင်စီတပ်သားများရောက်ရှိလာကာ ပိတ်ဆို့စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly