အာရှ-ပစိဖိတ်ဒေသတွင် တရုတ်အင်အားကြီးမားလာမှုကို တန်ပြန်ရန် လာမည့် ၅ နှစ်အတွင်း ဂျပန်က လက်နက် ပြန်လည်တပ်ဆင်လာဖွယ်ရှိ

By ANI
11 November 2022
အာရှ-ပစိဖိတ်ဒေသတွင် တရုတ်အင်အားကြီးမားလာမှုကို တန်ပြန်ရန် လာမည့် ၅ နှစ်အတွင်း ဂျပန်က လက်နက် ပြန်လည်တပ်ဆင်လာဖွယ်ရှိ

အာရှ-ပစိဖိတ်ဒေသတွင် တရုတ်၏ ရန်လိုမှုကြီးထွားလာမှုကို ဟန့်တားရေးအတွက် ဂျပန်က နှစ်နိုင်ငံအကြား လက်တွေ့ကျသောကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် သြစတြေးလျနှင့် မကြာသေးမီက လုံခြုံရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ဂျပန်က ယခုအခါ လက်နက်တပ်ဆင်ခြင်းကို အရှိန်မြှင့် လုပ်ဆောင်နေသည်ဟု Singapore Post တွင် ဖော်ပြထားသည်။

ဂျပန်က ကျင့်သုံးနေသည့် စစ်ဆန့်ကျင်ရေးသဘာဝနှင့် အတော်လေးကွာခြားသည့် အရှေ့အာရှရှိ တရုတ်ကို ဟန့်တား ရန် လာမည့် ၅ နှစ်အတွင်း ပြန်လည်လက်နက်တပ်ဆင်ရန် အလားအလာရှိနေသည်။

အောက်တိုဘာလတွင် ပြီးဆုံးသွားခဲ့သည့် အမျိုးသားပါတီညီလာခံတွင် ရှီကျင့်ဖျင်က တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ သမိုင်းဝင်ရွေးကောက်ပွဲတွင် တတိယအကြိမ်မြောက် ရာထူးရယူပြီးနောက် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။

အောက်တိုဘာလတွင် ပြုလုပ်ခဲ့သော ကြေညာချက်တွင် ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါနှင့် သြစတြေးလျ ဝန်ကြီးချုပ် အေဘေးနစ်တို့သည် ကွယ်လွန်သူ ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက ထောက်ခံအားပေးခဲ့သည့် "လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသ" ၏ အရေးပါမှုကို အတည်ပြုခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် တတိယအကြိမ်မြောက် သမ္မတသက်တမ်းကို ရယူပြီးနောက် ထိုင်ဝမ်ကို တရုတ်၏ စစ်ရေးအရ ရန်စမှုများ ပြင်းထန်လာမည်ကို စိုးရိမ်မှုများ မြင့်တက်လာခြင်းနှင့် အတူ ယင်းတို့၏ သဘောတူညီချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဒုတိယကမ္ဘာစစ်အပြီးတွင် ဂျပန်ကာကွယ်ရေးမူဝါဒများကို ငြိမ်းချမ်းရေးဝါဒက အမြဲတမ်းစိုးမိုးခဲ့သော်လည်း ယခု အခါ ဂျပန်သည် တရုတ်၏စစ်ရေးခေတ်မီမှုကို တန်ပြန်ရန် ယင်း၏ လက်နက်များ တည်ဆောက်ရေးကို အရှိန်မြှင့်လုပ်ဆောင်နေပြီဟု Singapore Post သတင်းတွင် ဖော်ပြထားသည်။

လက်ရှိတွင် တရုတ်က ထိုင်ဝမ်နှင့် ဂျပန် ဆက်ဆံရေးကောင်းမွန်လာမှုကို စိုးရိမ်မကင်းဖြစ်နေသလို အန္တရာယ်အဖြစ် ဖော်ပြခဲ့သည်။

ဂျပန်ရေနံအားလုံးနီးပါးနှင့် ကုန်ထုတ်လုပ်မှုအတွက် အသုံးပြုသည့် ကုန်ပစ္စည်းအများအပြားကို ထောက်ပံ့ပေး သော အဓိက သင်္ဘောလမ်းကြောင်းများကို အန္တရာယ်ဖြစ်စေသောကြောင့် ထိုင်ဝမ်ကို တရုတ်လက်သို့ ဆုံးရှုံးရခြင်းက ဂျပန်ကို အခက်ကြုံစေနိုင်သည်။

ယင်းသည် တရုတ်ရေတပ်အား ကျွန်းပေါ်ရှိ အခြေစိုက်စခန်းများမှတစ်ဆင့် အနောက်ပစိဖိတ်ဒေသသို့ ဝင်ရောက် ခွင့်ပေးမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly