တရုတ်သမ္မတအဖြစ် တတိယသက်တမ်းကို ရယူပြီးနောက် ရှီကျင့်ဖျင် ထိုင်ဝမ်ကို အာရုံစိုက်နေ

By ANI
11 November 2022
တရုတ်သမ္မတအဖြစ် တတိယသက်တမ်းကို ရယူပြီးနောက် ရှီကျင့်ဖျင် ထိုင်ဝမ်ကို အာရုံစိုက်နေ

တရုတ်သမ္မတအဖြစ် တတိယသက်တမ်းကို ရယူပြီးနောက် ရှီကျင့်ဖျင်နှင့် အခြားတရုတ်ခေါင်းဆောင်များ၏ ဦးစားပေးအလုပ်မှာ ထိုင်ဝမ်နှင့် ပြန်လည်ပေါင်းစည်းရေးဖြစ်သည်ဟု သုံးသပ်ပြောကြားချက်ကို ကိုးကား၍ Geopolitica.info တွင် ဖက်ဘရီက ရေးသားထားသည်။

ထိုင်ဝမ်နှင့် ပြန်လည်ပေါင်းစည်းရေးကို ဆွဲကိုင်ထားနေသည့် ရှီက လက်တွေ့အကောင်အထည်ဖော်ရန် ကြိုးစားနေသည်ဟု လေ့လာသူအချို့က ယူဆကြသည်။

ယခင် တရုတ်ခေါင်းဆောင်များ ပြောဆိုခဲ့သည့် ပြန်လည်ပေါင်းစည်းရေးသည် ရေရှည်လုပ်ငန်း ဖြစ်သော်လည်း ယခုအခါ နံပါတ်တစ်ဦးစားပေး အစီအစဉ် ဖြစ်လာခဲ့သည်။

ထိုင်ဝမ်နှင့် ပြန်လည်ပေါင်းစည်းရေးကို တရုတ်က တစ်နေ့ထက်တစ်နေ့ ပိုမိုကြိုးပမ်းလာခဲ့သည်။

အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီညီလာခံ (CPC) မိန့်ခွန်းတွင် တရုတ်ခေါင်းဆောင်က ထိုင်ဝမ် လွတ်လပ်ရေးကို ငြင်းပယ်ရန်နှင့် ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်သည့်များကို လုပ်ဆောင်မည်ဖြစ် ကြောင်း သတိပေးခဲ့သည်။

ထိုင်ဝမ်သည် အချုပ်အခြာအာဏာပိုင်ဖြစ်ကြောင်းကို ထိုင်ဝမ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ထန်ချန်ဝမ်က လည်း ထပ်လောင်းပြောကြားခဲ့ပြီး ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်အေးချမ်းရေးက နှစ်ဘက်စလုံး၏ တာဝန် ဖြစ်ပြီး အမြဲတမ်း ဂရုစိုက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတကာအဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုတွင် မကြာသေးမီနှစ်များအတွင်း ထိုင်ဝမ်အား ဥရောပ သမဂ္ဂ၏ ပံ့ပိုးကူညီမှုသည် ပိုမိုရှင်းလင်းပြတ်သားလာကြောင်း စာရေးသူက ပြောကြားခဲ့သည်။

အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌနန်စီပေလိုစီ ထိုင်ဝမ်သို့ လာရောက်လည်ပတ်ပြီးနောက် တရုတ်၏ လီဆယ်ပြောဆိုမှုများသည် ထူးကဲစွာ များပြားလာခဲ့သလို ရေလက်ကြားတွင်လည်း စစ်ရေးလေ့ကျင့်မှုများကို တိုးမြှင့်လုပ်ဆောင်လာခဲ့သည်။

တရုတ်အစိုးရ၏ လုပ်ဆောင်ချက်က ထိုင်ဝမ်နှင့် ပြန်လည်ပေါင်းစည်းရေး ရည်မှန်းချက်ကြီးကို ထပ်မံ အတည်ပြုဖော်ပြနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required